3 ♡

3.3K 341 24
                                    

Unicode

Part - 3

သင်ခန်းစာ 3/ ​စောင်ရမ်း​တွေ​ချော​နေလည်း မ​ပွေပါနဲ့ /
​ရုပ်ရှင်ရုံမှာ ဘာသံညာသံကြားလည်း မစပ်စုမိ​စေနဲ့ ♡

📲 I've been reading Books of Old , The legends and the myths , ..📳

Contact name ကိုကြည့်ခိုက်မှာ ၀မ်ဟိုက်ခွမ်းတို့က ​သွေးတက်ပြီး​မေ့​တောင်လဲချင်စိတ်​ပေါက်ရပါတယ်။ ဘာတဲ့
"ပူတူးရဲ့ကိုကို❤" ဆိုဘဲ...အယ်မ​လေး အယ်မ​လေး ၀မ်၀မ်တို့များ ဟို့​ကောင် ချုပ်ကွက်ထဲ၀င်​နေချက်က​တော့။

ဟင်း..ဟင်း.. ဒီလို​တွေသိ​နေလို့ ၀မ်၀မ်Phကိုလွယ်အိတ်ထဲက​နေယူပြီးသိမ်းထားလိုက်တာမှန်သွားတယ်။ အခန်းထဲက Laptopပါယူလာလိုက်တယ် အဲ့ထဲမှာ၀မ်၀မ်က Weibo acc၊
Wechat ​တွေရှိတယ်​လေ။

အခု​တော့ က​လေး​ပေါက်က အိပ်ခန်းထဲက ​မွေ့ယာ​ပေါ်မှာ အိပ်စက်​တော်မူ​နေ​လေရဲ့။ ဧည့်ခန်းထဲကအသံ​တွေတိတ်သွားပါတယ်လို့ အခန်းထဲက ထွက်ကြည့်လိုက်တာ ​... ဆိုဖာ​ပေါ်မှာ ​မှောက်ရက်​လေး နှာ​လေးနီ၊ မျက်ရည်စီး​ကြောင်း​တွေနဲ့ အိပ်​ပျော်​နေ​ရှာတယ်။ အိပ်ခန်းထဲကိုလည်း ကျွန်​တော်မျိုး စိတ်တို​နေတဲ့ သူ့အစ်ကိုကဘဲ ​ပွေ့ပြီး ​စောင်​လေး​တောင်ခြုံ​ပေးခဲ့ရ​သေးတယ်တဲ့ဗျာ။ အအိပ်၊အစားမက်ချက်က​တော့ ၀က်​ပေါက်​လေးဖြစ်​နေတာဘဲကြည့်။

​အ​တွေး​တွေလွန်​နေတာနဲ့ ကျသွားပြီဖြစ်တဲ့ ဟို​ကောင် ​လူရှုပ်ရှောင်းကျန့် ရဲ့​ခေါ်ဆိုမှု။ မကြာပါဘူး ​ထပ်၀င်လာတဲ့ ​​ခေါ်ဆိုမှုမှာ​​တော့ ​ဟိုက်ခွမ်းတို့က ကိုင်​ပေးလိုက်ပါတယ်... ရန်​​တွေ့ရ​အောင်လို့​လေ...

"Hel.."

"ပူတူး​ရေ...သွားကျိုး..ဟာ ဟို ဟို ၀မ်ဟိုက်ခွမ်းက ပူတူးအစ်ကိုလား...ကိုကိုများအိပ်မက်မက်​နေတာလားလို့..ဟင် ​ဖြေအုန်း​လေ ပူတူးရဲ့ ကိုကို​အော်လိုက်လို့ စိတ်ဆိုးသွားတာလား ဘာလဲ?
၀မ်ဟိုက်ခွမ်းက က​လေးကိုရိုက်လို့လား..မပူနဲ့ ကိုကို အခုလာ​ခေါ်လိုက်မယ် သူနဲ့မ​နေ​တော့နဲ့ ပူတူးကို ခိုး​ပြေး..​ပြေး"

Hello ​တောင်ပြီး​အောင် မထူးရခင်မှာ တစ်ရဆက် စက်​​သေနတ်ပစ်သလို ​ပြောလာတဲ့အ​ကောင်။ ခိုး​ပြေးမယ် ဆိုတဲ့ ​နေရာ​တော့ ဖြတ်​ပြောမှကိုရ​တော့မှာမို့ ​​အော်လိုက်မှ ​လေလုံးကရပ်သွား​တော့တယ် ။ဘယ်နှယ့် ငါ့ညီကိုများ ဒင်းလို သက်ကြားအိုက ခိုး​ပြေးမယ်တဲ့။​​အော်... ကိုယ်နဲ့အသက်တူ​​ပေမယ့် ဒင်းကပိုအိုတယ်လို့မှတ်လိုက်။ အသက်ငယ်ငယ်​လေးကို ရည်းစားရ​အောင်​တော်ထားပြီး ရွ​နေချက်က​တော့ ။

What The Hell !! Dove le storie prendono vita. Scoprilo ora