15 ♡

1.8K 155 4
                                    

Part 15

သင်ခန်းစာ 15 / လူကြီး​တွေကromanticမဆန်
ကြပါဘူး ~ ရှက်ဖွယ်စကား​တွေကိုလည်း ​အေး​ဆေး​ပြောနိုင်ကြပါတယ် ♡

​ကိုကို့ရဲ့ရုံးခန်းထဲမှာ စကားများပြီး ကိုကိုက လမ်းခွဲကြတာ​ပေါ့ လို့ ​ပြောသွားချိန်က ရိ​ပေါ်တို့ ​နောက်ဆုံး​တွေ့ခဲ့တာဖြစ်သည်။
​အတိအကျ​ ပြောရမယ်ဆို ထို​နေ့ကစ ရိ​ပေါ်တို့မ​တွေ့ရတာ ရက်​ပေါင်း ၃၅ရက် ၊ ၁လ​ကျော်နီးပါး​တောင် ဖြစ်တယ်။

တစ်ပတ်​လောက်ထိ ရိ​ပေါ်က ကိုကို့ဆီက အဆက်အသွယ်နဲ့
ပူတူး ဆိုတဲ့​ခေါ်သံ​လေးကိုဘဲ ​မျှော်လင့်​နေခဲ့တာဖြစ်သည်။

ပူတူးလိူ့ တစ်ချက်​ခေါ်လိုက်... ရိ​ပေါ်က တန်းပြီး ကိုကို့ရင်ခွဲထဲ ​ပြေး၀င်ပြီး ချွဲပစ်မယ်လို့ ဆုံးဖြတ်ထား​ပေမယ့် ကိုကိုက တစ်ပတ်​ကျော်သည်အထိ လူကိုယ်တိုင်မ​ပြောနှင့် ဖုန်းလေးက​တောင် မဆက်သွယ်ခဲ့ပါ။

တစ်ပတ်​ကျော်လာ​​တော့ ရိ​ပေါ်က လန့်လာ​​တော့သည်။
ကိုကိုက တကယ်ကြီး ရိ​ပေါ်ကို လမ်းခွဲသွားတာများလား၊ ​မေ့ပစ်ပြီများလား၊ ဆိုးလွန်းလို့စိတ်ကုန်သွားပြီများလားဆိုတဲ့ ​ကြောက်စိတ်အ​တွေး​တွေ၀င်လာ​​တော့သည်။

တစ်ပတ်ကြီးများ​​တောင် ပစ်ထားထား​​တော့ ရိ​ပေါ်ကမ​နေနိုင်​တော့။ ငိုကြီးချက်မနဲ့ ကိုကြီးကို သွားအပူကပ်​တော့ကျ ဒီတစ်ခါ​​တော့ ၀မ်၀မ်ဘက်ကမှားသွားပါတယ်တဲ့။

လမ်းခွဲစကားကို အဲ့​လောက်လွယ်လွယ်မ​ပြောသင့်ဘူး၊ ကိုကြီးဆိုလည်း ဟို​ကောင်ကို ဆွဲထိုးမိမှာဘဲဆိုတာ​တွေ​ကော နားချ​တော့ ရိ​ပေါ်က ကိုယ့်အမှားကို မြင်လာပြီး ပိုပြီး ၀မ်းနည်းတကြီးကိုငိုမိ​သေးသည်။

ကိုယ်ကိုယ်တိုင် ဖုန်းစဆက်ရမှာကို​တော့ ရိ​ပေါ်က နည်းနည်းရှက်လို့ ကိုကြီးကတစ်ဆင့်ဆက်ပြီး ​ပြောခိုင်း​တော့လည်း ကိုကိုက ရိ​ပေါ်ကို စကားမ​​ပြောချင်​တော့ဘူး၊ ဇာတ်လမ်းကပြတ်​နေပြီ ဆိုတာ​တွေ​ကော ပြန်ကြားရ​တော့ ရိ​ပေါ်မှာ မစားနိုင်၊
မ​သောက်နိုင် တငိုငို၊ တရယ်ရယ် , ရယ်။

What The Hell !! Where stories live. Discover now