9 ♡

2.2K 237 26
                                    

Part - 9

သင်ခန်းစာ 9/ အအိပ်သိပ်မက်​စေနဲ့ ~ ကိုယ့်​ဘေးမှာ ရှိ​နေတုန်း ချစ်​ပေးပါ၊ တန်ဖိုးထား​ပေးပါ~

တစ်မျိုးကြီးဘဲ။ တသိမ့်သိမ့် လှုပ်တုတ်၊ လှုပ်တုတ်နဲ့ ခန္ဓာကိုယ်က ​လေ​ပေါ်မှာ ၀ဲ​နေသလိုခံစားချက်ကြီး။ လူ​တွေရဲ့​ခြေသံ​တွေ၊ အထုတ်​တွေရဲ့ဘီးက ဆွဲသွားလို့တကျွီကျွီအသံ​တွေ ၊ ထွက်ခွာမယ့်​အချိန်​တွေ၊ နိုင်ငံ​တွေ​ရေရွတ်သံ​တွေ ကြား​နေရတယ်။

အိပ်​နေရင်း ကြား​နေရ​၊ခံစား​နေရတာ​တွေကို အိပ်မက်လား၊ အစစ်အမှန်လားမခွဲခြားနိုင်​သေး။ လူက လုံးလုံးမနိုး​သေး။ အိပ်တစ်၀က်၊ နိုးတစ်၀က် အ​​ခြေအ​နေ။

မျက်လွှာတဖြတ်ဖြတ်ခတ်ကာ မျက်လွှာကိုလှန်ကြည့်လိုက်​တော့ စူးရှ​နေ​သောအလင်း​ကြောင့် မျက်လုံးကိုပြန်ပိတ်လိုက်မိသည်။ ​ဘေးကိုလှည့်မိ​တော့ အင်္ကျီခံ​နေတဲ့ရင်ခွင်တစ်ခု၊ အ​ပေါ်ကိုဖြည်းဖြည်းချင်းဆက်ကြည့်သွား​​တော့ ​မြင်​နေကျမျက်နှာတစ်ခု။

ကိုကြီး...ကိုကြီးဘဲ။

"ဟင်းးး ကိုကြီး..."

"နိုးလာပြီလား ၀မ်၀မ်။"

​ငုံ့ကာ​​​မေးလာ​သောသူကို ခေါင်းတစ်ချက်ငြိမ့်ပြပြီး လှုပ်တုတ်၊ လှုပ်တုတ်ဖြစ်​နေ​သေးသော ကိုယ့်အ​ခြေအ​နေကို အကဲခတ်မိ​တော့ အိပ်​နေ​သောကိုယ့်ကိုက​လေး​တွေလို​ပွေ့ရက် ချီထားကာ လမ်း​​လျှောက်​နေ​သောကိုကြီး​ကြောင့်ဖြစ်တယ်။

ဘယ်ကိုသွား​နေတာလဲ။ ကိုကြီးအခန်းထဲ ​ရွှေ့​နေတာလား။

ခုနကကြားခဲ့တဲ့အသံ​တွေက​ကော?။ ​ဘေးကိုစူးစမ်းကာလှည့်ကြည့်မိ​တော့ Luggageအိတ်ကိုယ်စီနဲ့ ရှုပ်ယှက်ခတ်​နေ​သော ​နေရာ။ တိတိကျကျ​ပြောရမယ်ဆို ​လေယာဥ်ကွင်း။

ဘာ​တွေဖြစ်​နေတာတုန်း။ မ​နေ့ညကကတင် ကိုယ့်အခန်းထဲက အိပ်ယာ​ပေါ်မှာ အိပ်​နေတုန်း​လေ။

"သားကိုချ​ပေးအုန်း ကိုကြီး။"

"အင်း။ အင်း။ ခန​နော် ထိုင်ခုံ​ပေါ်ချ​ပေးမယ်။"

What The Hell !! Where stories live. Discover now