အဖိုးကြီးဖြစ်သွားလည်းချစ်တယ်​နော်❤

2.4K 196 13
                                    

Unicode

(Special Part ♡.)

5 , October , 2021 (Ko Ko' Birthday ❤ )

အဖြူ​​ရောင်ပြောင်ရှင်းကိတ်​ပေါ်မှာ အနီ​​ရောင် ခရင်မ်နဲ့ ​ရေးထား​​သောစာသား။

အဖိုးကြီး ဖြစ်သွားလည်း ချစ်တယ်​နော် 》

​ရှောင်းကျန့်က Cake​ပေါ်မှ ထိုစာသားကိုကြည့်ပြီး အစာနင်သလိုလို၊ နားရင်းကိုဘဲ ဖြတ်အုပ်ခံရသလိုလို ခံစား​နေရတယ်။ ဘယ်နှယ့် အသက်က​လေး ထိပ်စီး​လေးပြောင်းပြီး ၃၀ ​လေးဆိုတဲ့ ဘ၀စလို့​ကောင်းတဲ့ အရွယ်ကိုမှ အဖိုးကြီးလို့ ​ပြောရက်​လေသလား ၀မ်ရိ​ပေါ်​လေးရဲ့။

မင်းအဖိုးကြီးလို့ ​ပြောတဲ့​ရှောင်းကျန့်က လက်ညိုးလေး​ကိုမှဲ့နက်​လေးနား​ထောက်လိုက်ရင် ​ဟောတစ်​ယောက်၊ ​ဟောတစ်​ယောက်ဘဲ​နော်။ ​တွေ့ပါအုန်းမယ် ၀မ်ပူတူး​ရယ်။

အဖိုးကြီးက ဘယ်​လောက်သန်​ကြောင်း၊ အား​ကောင်း​ကြောင်း၊ ဖလန်းဖလန်းဖြစ်​သေးတုန်းဆိုတာကို မင်းကို ကိုယ်​တွေ့ပြပါအုန်းမယ်။ အဲ့အခါကျမှ ​ကြောက်ပါပြီ လို့ ဆိုလို့က​တော့ ဒီက စိတ်ဆိုးပစ်မှာ ၀ွန်းးး။

၀ုတ်တယ်..။ငယ်ငယ်​လေးရှိ​သေးတဲ့ ၃၀အရွယ် နုပျိုတဲ့အရွယ်​လေးကို အဖိုးကြီးဆိုဘဲ။

"မီးမှုတ်​လေ ကိုကို"

"အင်း..အင်း။"

"အသက် ၃၀ပြည့်​တဲ့ ကျွန်​တော့် ကိုကို​ရေ...
အခက်အခဲမှန်သမျှ ၀ှီးဆိုပြီး ချလွတ်ခနဲ ​ကျော်ဖြတ်နိုင်ပါ​စေ။
​စိတ်ဆင်းရဲမှုဆိုတာလည်း ဂျိုနဲ့လားလို့ ​မေးရပါ​စေ။
အစားကိုလည်း များများစားနိုင်ပါ​စေ။
​တစ်ခါစားရင် ခေါက်ဆွဲဆိုလည်းနှစ်ပွဲ၊ 3+2 Biscuit​ ဆိုလည်းနှစ်ထုပ် စားနိုင်ပါ​စေ။
မပူနဲ့​နော်ကိုကို မကုန်လည်း ပူတူးက များကြီးစား​ပေးမယ်​နော်။
​ပေါင်မုန့်ကြိုက်တဲ့ကိုကိုက ​ပေါင်မုန့်​လေးလိုအိ​နေတဲ့ကျွန်​တော့်ပါးကိုများများစားနိုင်ပါ​စေ။"

​မွေး​နေ့ရှင် မကြီးမငယ် ထိပ်စီး​ပြောင်းသွားတဲ့ ​ရှောင်းကျန့်က cakeကိုမီးမှုတ်ပြီး​တော့ လူကြီးလုိလို ၊ဘာလိုလို ၀မ်ရိ​ပေါ်က ဆု​ပေး​နေပါသတဲ့။ ​ခေါင်းတစ်လုံးစာ​ကျော်​လောက်မြင့်တဲ့ ​ရှောင်းကျန့်ကို ​​မော့ကြည့်ကာ လက်သီး​လေးဆုပ်လျက်နဲ့တတွတ်တွတ်။

What The Hell !! Where stories live. Discover now