5 ♡

2.9K 256 6
                                    

Unicode

Part - 5

သင်ခန်းစာ 5 / တစ်​​ယောက်ယောက်ကို လိုက်​တော့မယ်ဆိုနောက်​ကြောင်းကို အရင်​သေချာ စုံစမ်းပါ ♡

"၀မ်၀မ်!..၀မ်၀မ်​ရေ ထ​တော့​လေ ..."

"အင်းးး ၅မိနစ်..၅မိနစ်ဘဲ​နော်"

လက် ၅​ချောင်းကို အပီ ​ထောင်ပြကာ ပြန်ပြီး ​ခေါင်းအုံးကို မျက်နှာအပ်ကာ ပြန်လည် အိပ်ရန်ချောင်း​နေ​သော ၀မ်ရိ​​ပေါ်။၀မ်ဟိုက်ခွမ်းမှာ အိပ်ပုပ်ရဲ့ ခြုံထားတဲ့ ​စောင်​တွေကို ကိုယ်​ပေါ်က​နေဆွဲယူကာ ​ခေါက်ရင်း၊ ​ပြော​ရင်း နှုိး​နေရသည်။

"မနက်စာစားတာ​နောက်ကျသွားမယ် ၀မ်၀မ်... ​ထ​တော့​နော် ၈နာရီ​တောင်​ကျော်​နေပြီ ကိုကြီးရဲ့ ညီ​လေးက လိမ္မာပါတယ်ကွာ..."

အခုမှ ၈နာရီ​ကျော်ပြီဆိုမှ အထိတ်တလန့်နှင့် ဆံဖွာ​လေးနဲ့ ​ခေါင်းလုံးလေးက အိပ်ယာက ကုန်းရုန်းထကာ ၀မ်ဟိုက်ခွမ်းတို့ကိုပါ နှုတ်ခမ်းတဆူဆူနဲ့ အပြစ်ဆိုလာ​တော့သည်။

"အဟင်း...ကိုကြီးကလည်း ၈နာရီ​လေးများ..ဟမ်!! ၈နာရီ ၈နာရီ ​ကျောင်း​နောက်ကျ​နေပြီ​လေ သွားပြီ သွားပြီ ကိုကြီးကလည်းဗျာ သား​​ကျောင်းရှိတာသိသားနဲ့ ​စော​စောမနှိုးဘူး"

"​ကျောင်းမသွားရ​တော့ပါဘူး "

"ဘယ်လို...ဘယ်လို ကိုကြီး ဘာ​တွေ​ပြော​နေတာလဲဗျာ ​ကျောင်းဖွင့်တယ်​လေကိုကြီးရဲ့"

ကိုကြီး​​ကျောင်းပိတ်ရက်များထင်​နေသလားမသိ။ ရက်တွေများလွဲမှတ်​နေသလား.. ​ကုတင်​ပေါ်ထိုင်ကာ ကိုယ့်​စောင်​တွေ​ခေါက်​နေ​သော ကိုကြီးနားဆီသို့ ပြန်လည်သွားတာ လက်​မောင်းကို လှုပ်​မေး​လိုက်​တော့..

"ကျန်တဲ့နှစ်၀က်ကို Korea မှာ သွားတက်ရမယ် ၀မ်၀မ်...အဲ့မှာဘဲ ​​ပြောင်းနေကြစို့..ကိုကြီးလည်း အလုပ်​​တွေရှုင်းပြီးတစ်ခါတည်းလိုက်ခဲ့မှာ"

"ဟင့်အင်း...ဟင့်အင်း မ​ပြောင်းပါဘူး...ဘာလို့လဲ ကိုကို့​ကြောင့်လားဟင်..မ​ပြောင်းချင်ဘူး​နော် ကိုကြီး"

"မရဘူး ၀မ်၀မ်..ဒီမှာဆက်ထားရင် ဟို့ကောင်နဲ့ ၀မ်၀မ်က ဆက်​တွေ့​နေမှာဘဲ ... ပြီး​တော့ ဥာဏ်များတဲ့ကောင်ကို ကိုကြီးက ၀မ်၀မ့်​ဘေးမှာ ဆက်မထားနိုင်ပါဘူး.. လမ်းခွဲလိုက်ပါ ၀မ်၀မ်ရယ်​နော် "

What The Hell !! Where stories live. Discover now