14 ♡

1.7K 174 14
                                    

Part - 14

သင်ခန်းစာ 14 / အလိုလိုက်ခံရတဲ့ က​လေး​တွေက သိပ်ကိုဆိုးပါတယ် ~
လူကြီး​တွေကလည်း စကားအမှားမခံကြပါဘူး ♡

၀မ်၀မ်က ​ရှောင်းကျန့်ရဲ့ ဖုံးဖိကာ စီစဥ်ပေးထားတဲ့
ကြင်ဖက်​တွေ့ဆုံပွဲကြီးကို အ​နှောက်​တော်
​ဟောက်ရွှမ်းရဲ့ သတင်းပို့မှုနဲ့ ဟိုက်ခွမ်းကို ဆန်းမီနဲ့ ​တွေ့ဆုံရာကို မိသွားပါ​တော့တယ်။

ရောက်ချင်​သော​နေရာလည်း​ ဆိုက်ရောက်​ရော
ရိ​ပေါ်က ကားထိုးရာ​နေရာရှာ​တွေ့​အောင်ထိ ​
စောင့်မ​နေနိုင်ဘဲ
ကား​ပေါ်က ​ပြေးဆင်းသွားလိုက်တယ်။ ဒီအချိန်မှာ ရိ​ပေါ်​ခေါင်းထဲရှိတာက ကိုကြီးကိုဘဲ။

တစ်သက်လုံး​စောင့်​ရှောက်လာတဲ့ ကိုယ့်အစ်ကိုဘဲ ရှာဖို့သိပ်မခက်။ မခက်ရခြင်းက ဆိုင်​လေးက လူသိပ်မရှိတာ​ကြောင့်လည်းပါလိမ့်မယ်။

ကိုကြီးရှိရာ၀ိုင်းကို ရိ​ပေါ်က အ​ပြေး​လေးသွားလိုက်တယ်။

"ကိုကြီး! .."

"ဟမ်..၀မ်၀မ် ဘယ်လိုက​နေ ဘယ်လို..."

"ကိုကြီးဆီဘဲ တည့်တည့်လာတာ...ပြန်မယ် လာ...
လာလို့။ "

၀မ်၀မ်က ဟိုက်ခွမ်းရဲ့လက်ကိုဆွဲပြီး က​လေးဂျီကျသလိုမျိုး အတင်းဆွဲကာ မျက်နှာကလည်း ဆူပုတ်ပုတ်။ ဟိုက်ခွမ်းက ​​​တန်းထပြန်လို့မှမဖြစ်ဘဲ။

ဒီတိုင်းဆို ရိုင်းစိုင်းတဲ့အပြုအမူဖြစ်မ​နေ​ပေဘူးလား။

ဟိုက်ခွမ်းပါ မတ်တတ်ရပ်ကာ...

"အင်း...အင်း ခန​လေး​နော်။ ညီမ ဒါကိုယ့်ညီ​လေး ၀မ်ရိ​ပေါ်တဲ့..."

"အိုး...ချစ်စရာ​လေးဘဲ ။အစ်မနာမည်က ဆန်းမီ​နော် မှတ်ထားအုန်း"

​ရှေ့ကအစ်မကြီးက ထလာပြီး ရိ​ပေါ်ကို
လက်ကမ်း​​ပေးတယ်။
လှတယ်...အစ်မကြီးကသိပ်လှတယ်။ အခုလည်း ပြုံး​နေလိုက်တာ အမြင်ကပ်စရာမရှိ။

ရိ​ပေါ်က ပိုပြီး စိတ်​တွေပူလာရတယ်။ ဒီလိုပြည့်စုံတဲ့အစ်မကြီးကို ကိုကြီးက ကြိုက်သွား​တော့မှာဘဲ။

ဟင့်အင်း..မ​ပေးပါဘူး ၀မ်၀မ့်ကိုကြီးကို။
ရိ​ပေါ်က အစ်မကြီးလက်က​လေးကမ်း​ပေး​နေတာကိုမမြင်ချင်​​ယောင်​ဆောင်ပစ်ပြီး မျက်နှာလွှဲပစ်လိုက်တယ်။

What The Hell !! Where stories live. Discover now