🤍Father in law 🖤

61.7K 1.4K 339
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

(⚠️Warning ⚠️ - ရိုင်းစိုင်းသော အသုံးအနှုန်းများပါတဲ့အတွက်အဆင်ပြေမှဖတ်ပါ။)

mansion ၏ ဧည့်ခန်းထဲတွင် လူသုံးယောက်ရှိနေပေမယ့် အပ်ကျသံမျှမကြားရလောက်အောင်
တိတ်ဆိတ်နေသည်။ အေးဆေးစွာထိုင်နေသူကတစ်ယောက်၊ ကြောက်ရွံမှုများနဲ့ ထိုင်နေတဲ့
တစ်ယောက် နဲ့ တစ်ခုခုကိုအသေအချာဆုံးဖျက်နေသူ တစ်ဦး။ ထိုကဲ့သို့ လူသုံးယောက်ရှိနေသည်။

- သမီး သူ့ကိုတကယ်ချစ်တာလား။

Kim taehyung မှ kim miyoon ကိုမေးလိုက်သည်။

အမေကွယ်လွန်သွားပြီဖြစ်၍ ငယ်ငယ်ကတည်းက တုန်နေအောင်ချစ်ကာ ဂရုစိုက်အလိုလိုက်ပြီး ပိုမွေးသလိုမွေးထားခဲ့တာ။ အသက် ၂၀ ကျော်နဲ့ ကလေးအဖေဖြစ်လာခဲ့ရပြီး သူ့မိန်းမကပါ ကွယ်လွန်သွားခဲ့တော့ သူတစ်ယောက်ထဲတာရုန်းကန်ကြိုးစားခဲ့ရ
သည်။ အသင့်အတင့်သာရှိသော အဖေ့စီးပွါးရေးကို ဖခင်စိတ်တစ်ခုထဲနဲ့  ကမ္ဘာ့ထိပ်တန်းကုမ္ပဏီအဆင့်ထိရောက်အောင် သူကြိုးစားခဲ့ရတာ။

မိဘတွေရှိတောကတော့ သိပ်မပင်ပန်းခဲ့ပေမယ့် သမီးလေး ၃နှစ်မှာ accident ဖြစ်ပြီးကွယ်လွန်သွားကြတော့ သူတစ်ယောက်ထဲ လမ်းပျောက်နေတဲ့ကြားက သမီးလေးအတွက်ပဲစိုပြီး ရုန်းကန်ခဲ့တယ်။ အခုလို ငွေကို ရေလိုဖြုန်းနိုင်လောက်တဲ့ အခြေအနေအထိပေါ့။ ဒါမဲ့ မိုက်လိုက်တဲ့ သူ့သမီးလေး အစစအရာရာ ပြည့်စုံအောင်ထားတာတောင် ဘယ်ကကောင်နဲ့ ခိုးရာလိုက်ပြေးမြန်းမသိ။ မနဲတောင်းပန် ပြီး အိမ်ကိုပြန်ခေါ်လာရသည်။

သူနဲ့ခိုးပြေးတဲ့ကောင်ကလည်း ကလေကခြေရုပ်နဲ့။ မသိရင်သူ့အိမ်ယာကျနေတာပဲ။ အေးအေးဆေးဆေးထိုင်နေတာ။ သူများ သားသမီးကို ခိုးပြေးပြီး မခန့်လေးစားလုပ်နေတာတော့ သူလုံးဝမကြိုက်ပါ။ ဒါမဲ့ ပတ်ဝန်းကျင်ကရှိသေးတယ်မလား။ သူ့သမီးလေး မျက်နာမငယ်ရအောင်တော့ သူသဘောတူရတော့မည်ထင်။ တကယ်စို သူသူ့သမီးကို ပြန်စဉ်းစားကြည့်စေချင်သည်။ ထိုကောင်လေးပုံက သူ့သမီးကို တကယ်ကော ချစ်ရဲ့လားမသေချာ။
အချစ်ကြောင့်ပဲလား ငွေကြောင့်ပဲလား။

Dark collection ✔︎Where stories live. Discover now