sᴀᴠᴇ ᴍᴇ★

47.3K 1.2K 725
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

(⚠️Warning ⚠️ - ရိုင်းစိုင်းသော အသုံးအနှုန်းများပါတဲ့အတွက်အဆင်ပြေမှဖတ်ပါ။)

-ဒိုင်း💥ဒိုင်း💥ဒိုင်း💥

သေနတ်ပြစ်သံများသည် ဂိုထောင်ဟောင်း တစ်ခုအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အချင်းချင်းပြစ်ခတ်နေသော လူများနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ခနအကြာမြေပြင်ပေါ် လဲကြနေသော လူများနဲ့အတူ
တိတ်ဆိတ်သွားသည်။

- အဲ့ကောင်တွေ အကုန်တစ်ယောက်မကျန်ခေါ်လာခဲ့။

ဒေါသတကြီးအော်ပြောကာ ထွက်သွားတဲ့ mafia လောကတွင် ကြောက်စရာအကောင်းဆုံးဟု
နာမည်ကြီးသူ JK။ သူ့နာမည် အရင်းကတော့
Jeon jungkook ဖြစ်ပြီး အလွန်သွေးအေးပြီး ရက်စက်ကြမ်းကြုတ်မှုကြောင့် မှောင်ခိုလောကတွင် နာမည်ကြီးသူဖြစ်သည်။
————————————————————-

At mansion

- boss သူတို့ကို ဘယ်မှာထားလိုက်ရမလဲ။

- မြေအောက်ခန်းထဲပို့ထားလိုက်.........နေဦး
အဲ့တစ်ယောက်ကဘယ်ကတွေ့တာလဲ။

Shirt အင်္ကျီအကြီးကြီးတစ်ထည်ကိုပဲ ဝတ်ထားပုံရတဲ့ ကောင်လေးမှာ ဓားခြစ်ရာတွေကို ခြေထောက်နဲ့ ပုခုံးပေါ်မှာမြင်ရသည်။ သူတို့လည်းဓားတွေမသုံးပါဘူး။

- အဲ့ကောင်လေးကို ငါ့အခန်းထဲ ထည့်ထားလိုက်။

- ဗျာ!

သူ့တပည့်မှာ ကြောင်သွားရသည်။ သူ့အခန်းထဲကို ကိုယ်ရံတော်တောင်ဝင်တာ မကြိုက်တာ
ဒီကောင်လေးကိုက အခန်းထဲပို့တဲ့လေ။

- ဘာရပ်နေတာလဲသွားလေ။ အဲအဲ နေဦး....

- ဗျာ

- ငါပဲခေါ်သွားတော့မယ်။

သူ့လက်ထဲကမေ့နေတဲ့ကောင်လေးကို ချီကာ အခန်းထဲခေါ်သွားတာကြောင့် သူ့တပည့်တွေမှာ
နားမလည်နိုင်ဖြစ်နေကြသည်။

အခန်းထဲရောက်တော့ ကောင်လေးကို
ကုတင်ပေါ်ချကာ လှဲစေလိုက်သည်။
သူအခုမှသေချာကြည့်မိတယ် ကောင်းလေးမျက်နာလေးက နှဖက်ကာ ဝင်းပနေသည်။
ဒါမဲ့ အကြည်းတန်စရာကောင်းတဲ့ ဓားဖြတ်ရာ
တစ်ခုက ကောင်လေးရဲ့ နှာခေါင်းပေါ်မှာ
ဖြတ်ပေးနေသည်။ လက်နဲ့ ခြေထောက်မှာပါ
ဓားဖြတ်ရာတွေတွေ့ရတာမို့ စိတ်ထဲမှာ အလိုမကျသလိုဖြစ်မိသည်။

Dark collection ✔︎Where stories live. Discover now