🖤🗝He is psycho🖤🗝

72.7K 1.7K 506
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎
(⚠️Warning ⚠️ - ရိုင်းစိုင်းသော အသုံးအနှုန်းများပါတဲ့အတွက်အဆင်ပြေမှဖတ်ပါ။)

ရုံးခန်းထဲတွင် ခုံပေါ်မှီကာ မှေးနေသော ceo Jeon jungkook ။ မှေးနေတာထက် တစ်စုံတစ်ယောက်အကြောင်းကို တွေးနေတာစို ပိုမှန်လိမ့်မည်။ သူတွေးနေတာက သူသိပ်ချစ်ရတဲ့ ကောင်လေးအကြောင်း။

သူ့နာမည်က Kim taehyung ။ ကောင်လေးက သူ့
ထက် ၅နှစ်ငယ်သည်။ တွေ့ဆုံခဲ့ပုံက အလုပ်ကိစ်စတစ်ခုကြောင့် Seoul university ဘက်ကိုသွားရင်းတွေ့ခဲ့တာ။ ကျောင်းဆင်းချိန်မို့ ကျောင်းသားတွေ စုပြုံနေပေမယ့် သူ့အကြည့်တွေက Kim taehyung ဆိုတဲ့ထိုကောင်လေးစီကိုပဲ ရောက်နေခဲ့တာ။

တွန့်ကောက်နေသော ဆံပင်အုံပွပွလေးက လှသည်။ ကြည်လင်နေသော မျက်နှာလေးကလည်းလှသည်။ ပန်ဆင်ထားသော အပြုံးလေးကလည်း တကယ်
မြတ်နိုးစရာကောင်းသည်။ တစ်ခြားဟာတွေ မလိုတော့ မင်းအပြုံးတွေကသာ ကိုယ့်နှလုံးသားကို နိုးကြွအောင်လုပ်ဆောင်ခဲ့ပြီမို့ မင်းကိုကိုယ်ပိုင်ဆိုင်မှရတော့မည်။

ဟုတ်တယ်။ သူဒီကောင်လေးကို ပိုင်ဆိုင်မှရတော့
မည်။ ကိန်းအောင်းနေခဲ့ပြီးသော စိတ်တဇဆန်ဆန် စိတ်ရိုင်းတို့က ပြန်လည်နှိုးကြွလာခဲ့ပြီဖြစ်သည်။ သူဟာ အရင်တောက psycho တစ်ယောက်ပါ။ ၁၀နှစ်အရွယ်တွင် သူအရမ်းချစ်ရတဲ့အမေကို အရက်သမားအဖေက ဓားနဲ့ထိုးသတ်ခဲ့သော
ကြောင့် လုံးဝစိတ်ဖောက်ပြန် သွားရသည်။

အဖေကထောင်ကျသွားပေမယ့် သူကတော့ အသက်ငယ်ငယ်နဲ့ psycho တစ်ယောက်ဖြစ်သွားရသည်။ ပျော်ရွှင်မှု၊ မိသားစု စိုတဲ့သူပိုင်ဆိုင်တဲ့အရာတွေ သူငွေတွေ မမက်ပါဘူး။ သူကပျော်ရွှင်တဲ့ မိသားစုလေးပဲပိုင်ဆိုင်ချင်ခဲ့တာပါ။ ဒါပေမယ့် အားလုံးက သူ့အဝေးကို ထွက်ပြေးသွားကြတယ်။

ပိုက်ဆံချမ်းသာသောကြောင့် အမွေလိုချင်ကြသော
အဖေ့ဘက်မှ ဆွေမျိုးတစ်သိုက်က ဟန်ဆောင် ဂရုစိုက်ကြသည်။ သူ့အသက် ၁၈နှစ် ရောက်မှ အဖိုးက အမွေခွဲပေးမည်ဖြစ်သောကြောင့် သူ့ကိုထိုအသက် အရွယ်ထိ စောင့်ရှောက်ကြသည်။

ဒါမဲ့ တစ်ရက် အဖေ့ဘက်မှ အဒေါ်နှစ်ယောက်ရဲ့ တီးတိုးပြောစကားတွေကြောင့် သူ့စိတ်ဟာ တုတ်ကို မီးစထိုးပေးလိုက်သလို တောက်လောင်သွားရသည်။ သူတို့နှစ်ယောက်ပြောနေတဲ့အကြောင်းက အမေသေတဲ့နေ့က အကြောင်းတွေ အမွေတွေလို
ချင်လို့ အဖေ့ကို သတ်ခိုင်းလိုက်သည်တဲ့လား။ အဖေထောင်ကျတာတောင်မှ ဝမ်းမနည်းပေးတဲ့အပြင် ဝေစုလျော့သွားတာကြောင့် ကျေနပ်နေသော သူတို့။ ဒါတင်မကသေး သူ့ကို သတ်ရန် ကြံစည်နေကြသေးသည်။

Dark collection ✔︎Where stories live. Discover now