💀 𝐋𝐨𝐬𝐭 💀

41.9K 1K 97
                                    

*ရိုင်းစိုင်းသော အသုံးအနှုန်းများပါတဲ့ အတွက် အဆင်ပြေမှဖတ်ပါ။ *

𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍

ဒီနေ့ taehyung တို့ ကျောင်းလေ့လာရေး
ခရီးထွက်မဲ့နေ့။ ကျောင်းရှေ့မှာ bus ကားအစီအရီ
နှင့် ကျောင်းသား၊ ကျောင်းသူများ ကွင်းပြင်ထဲတွင် စုစည်းနေကြသည်။

- ကဲ ဆရာမတို့ ခွဲပေးထားတဲ့ အသင်းအလိုက်
ကားပေါ်တက်မယ်။

ခေါင်းဆောင်တဲ့ ဆရာမရဲ့ အော်သံကြောင့် ကျောင်းသား၊ ကျောင်းသူများ သူ့အသင်းနှင့်သူစုကာ
ကားပေါ်တက်ကြသည်။

Taehyung ကတော့ အပေါင်းအသင်းလည်း မရှိ။ တစ်ယောက်တည်းသာ နေတတ်သူမို့
ကားနောက်ဆုံးတန်းက ခုံမှာ နေရာယူလိုက်သည်။ တစ်ခြားသူတွေက သူတို့ အပေါင်းအသင်းတွေနဲ့ သူတို့မို့ taehyung ဘေးမှာ မထိုင်ကြပါ။

ကားက အနည်းငယ်ချောင်သည်ဟု ပြောရမည်။ တက္ကသိုလ်က နောက်ဆုံးနှစ်တွေချည်းပဲကိုမှ random အလိုက် အယောက် ၃၀စီ ခွဲကာ
ဦးတည်ချက် ခရီးကလည်း မတူတာမို့ လူက
ပြည့်ကျပ်မနေပါ။

ယူလာတဲ့ အိတ်ထဲက နားကြပ်ကြိုးကိုထုတ်ကာ
ဖုန်းမှာ တပ်လိုက်ပြီး playlist ထဲက သီချင်းညိမ့်
ညိမ့်လေးတစ်ပုဒ်ကို loop လုပ်ကာ ဖွင့်ထားလိုက်
သည်။

𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍

- ဟေ့ ကျောင်းသား ကျောင်းသား

ဘေးကနေ လူတစ်ယောက်ရဲ့ ခေါ်သံနှင့်အတူ လက်မောင်းကို လှုပ်ရမ်းမှုကြောင့် taehyung ရဲ့ မှေးစက်နေသော မျက်လုံးများ ပွင့်လာခဲ့သည်။

သူအိပ်ပျော်သွားတာပဲ။ ဘေးဘီယာဝဲကြည့်တော့ သူ့ကိုလာနှိုးတဲ့ ကားဆရာမှအပ တစ်ခြားသူတွေ ကိုမတွေ့ရ။

- နိုးပြီလား လူလေး။

- ဗျာ ဟုတ်

- တစ်ခြားသူတွေက ခုနလေးတင်ပဲ ဆင်းသွားကြတာ။ သွားချည်တော့။

- ဟုတ် နိုးပေးလို့ကျေးဇူးပါဗျ။

သူလည်း လွယ်အိတ်ကို ကောက်လွယ်ကာ အမြန်ကားပေါ်က ဆင်းလိုက်သည်။ ကားအောက်မှာတော့ ဆရာမက ဖုန်းပြောရင်း အလုပ်ရှုပ်နေသလို တခြားသူတွေကလည်း စကားတပြောပြောနဲ့ ဆူညံ နေကြသည်။

Dark collection ✔︎Where stories live. Discover now