📚 𝐒𝐭𝐮𝐝𝐲📚

48K 1.1K 174
                                    

⚠️ရိုင်းစိုင်းသော အသုံးအနှုန်းများပါတဲ့အတွက်အဆင်ပြေမှဖတ်ပါ။⚠️

စာလုံးရေနည်းနည်းများတာမို့ အေးဆေးဖတ်နိုင်ပါတယ်။

sit back, relax and get dark!

♡♡♡♡♡♡♡♡♡♡♡♡♡♡♡

တိတ်ဆိတ်နေသော အခန်းတစ်ခန်းအတွင်း ပြတင်းပေါက်မှ ညနေခင်းနေအလင်းရောင်ဖျော့ဖျော့က
ဖျာကျနေသည်။ စာကြည့်စားပွဲမှ ကောင်လေး
တစ်ယောက်ကတော့ စာအုပ်ကိုသာ သဲကြီးမဲကြီး
စိုက်ကြည့်ကာ တစ်ခုခုကို စဉ်းစားနေဟန်။

သူက Kim taehyung ....big hit university မှာ scholarship နဲ့ ကျောင်းတက်နေတဲ့ ကျောင်းသား
တစ်ယောက်။

ဒေါက်...ဒေါက်....ကျွီ

တံခါးခေါက်သံနောက် ပွင့်လာတဲ့ တံခါးနှင့်အတူ
လူတစ်ယောက်ထွက်ပေါ်လာသည်။ တစ်ကိုယ်လုံး အမဲဝမ်းဆက်နှင့်အတူ ယောက်ျားဆန်စွာ ချောမောသော ရုပ်ရည်က မြင်တဲ့သူတိုင်း ခဏတော့ ငေးမော မိသွားမှာအမှန်။

သူက Jeon jungkook ......big hit university ရဲ့ top 1 student..။ စာမှာ straight A+ တွေပဲရသလို လူကိုယ်တိုင်ကလည်း straight တစ်ယောက်ပင်။ (Maybe?)...ချမ်းသာတဲ့  မိသားစုကဖြစ်ပြီး ဘက်စုံထူးချွန်သူဖြစ်သည်။

အဲ့လို ဘက်စုံထူးချွန်ပေမယ့် perfect student
မဖြစ်ရခြင်းအကြောင်းကတော့ ......
ရည်းစားရှုပ်ခြင်းပင်။ သူ့အမှားချည်းပဲလို့ပြောလို့
မရ တစ်ကြောင်းလုံးက မိန်းကလေးတွေက Jeon jungkook စို အရှင်ရရ အသေရရ လိုချင်နေကြသူတွေ ချည်းပင်။

ကဲ...Jeon jungkook နဲ့ Kim taehyung ရဲ့ ပတ်သပ်မှုကတော့ ရိုးရှင်းပါတယ်..
....အချစ်ဆုံး သူငယ်ချင်းတွေ...။ နှစ်ယောက်လုံးက အပြင်ပိုင်းကြည့်ရင် မအပ်စက်ဘူးထင်ရပေမယ့် သူတို့နှစ်ယောက်အတွက် ပိုကောင်းတဲ့ သူငယ်ချင်းစိုတာ မရှိတော့ပါ။

- အော kook ငါ့ကို ဒါလေး လာရှင်းပြပါဦး။ ငါဒါကို ထိုင်စဉ်းစားနေတာ ခေါင်းတွေလည်း ခြောက်နေပြီ။ အဖြေက အခုထိမထွက်သေးဘူး။

- အေ ခန..လာမယ်

လွယ်အိတ်ကို ကုတင်ပေါ် ပြစ်တင်ကာ ဝတ်ထားသော T shirt ကို ဆွဲချွတ်လိုက်တော့ အနှစ်အလလ ကြိုးစားထားရတဲ့ ကြွက်သားအပြည့် ကိုယ်တစ်ခုက ပေါ်ထွက်လာခဲ့သည်။ ထို့နောက် taehyung ရဲ့ စာကြည့်ခုံနားကို သွားလိုက်ကာ အနောက်မှ
အုပ်မိုးလိုက်သည်။

Dark collection ✔︎Where stories live. Discover now