🍼 Milk 🍼

76.1K 1.6K 456
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

(⚠️Warning ⚠️ - ရိုင်းစိုင်းသော အသုံးအနှုန်းများပါတဲ့အတွက်အဆင်ပြေမှဖတ်ပါ။)

Jungkook's POV

ခဗျားတို့ ဖြစ်ဖူးကြလား။ တစ်စံုတစ်ခုကို လွန်လွန်
ကျွန်ကျွန်ဆွဲလမ်းနေမိတာမျိုးလေ။ သာမန်ဆွဲလမ်းမှုမျိုးတောင်မဟုတ်ပဲ psychoပုံစံမျိုးကို
ဆွဲလမ်းနေမိတာမျိုး။ ကျတော့ရဲ့ ဆွဲလမ်းမှုကတော့ ကျတော့ရဲ့ အခန်းဖော်ကောင်လေးပဲဖြစ်
သည်။

နာမည်က kim taehyung ။ သူကကျတော့ထက် ငယ် သည်။ ကျတော့ရဲ့ junior လေးပေါ့။ သူကအနေအေးသည်ထင် ကျောင်းမှာဆို သူငယ်ချင်းလဲမရှိသလို ဘယ်သူမှနဲ့လဲ စကားမပြော တစ်ယောက်ထဲသာနေတတ်သည်။ သူဒီကောင်လေးကို ကျောင်းစ
ပြောင်းလာခတဲက စိတ်ဝင်စားခဲ့တာပါ။ တဖြည်း
ဖြည်းနဲ့မှ သူကောင်လေးကို ဆွဲလမ်းမှန်းမသိ ဆွဲ
လမ်းလာမိသည်။

ကောင်လေး ကျန်ခဲ့သော စာရွက်၊ ခဲတံ၊
ဘော်ပင်အကုန်၊ တစ်ရှူး နောက်ဆုံး အမှိုက်ပါမကျန်သူယူလာမိသည်။ ကောင်လေးထိတွေ့ထားတဲ့ အရာတွေမို့ သူတယုတရသိမ်းထားသည်။ ကောင်းလေးနောက်မှလည်း မသိအောင် အမြဲလိုက်ချောင်းတတ်သည်။

တစ်နေ့ ကောင်လေးက အဆောင်နေတော့မည်ကိုသိလိုက်ရသည်။ အဆောင်နေလျှင် တစ်ယောက်မ
ဟုတ် တစ်ယောက်နဲ့တော့ တစ်ခန်းထဲနေရမည်ဖြစ်၍ သူပါ အဆောင်နေဖို့ဆံုးဖြတ်လိုက်သည်။ အဖေက ကျောင်းအုပ်ကြီးဖြစ်တာကြောင့် တစ်ခန်းထဲ မဖြစ်မှာကိုတော့မပူရပါ။

ကောင်လေးက သူနဲ့တစ်ခန်းထဲကျတော့ သူ့ကို
သိပ်စကားမပြောပါ။ သူကသာအရင်မိတ်ဆက်
လိုက်တော့မှ သူ့ကိုစကားပြောသည်။ ကောင်လေးကသူ့ကို ခေါ်တာကတော့ jungkook sunbae တဲ့လေ။ ပထမ စစကြားချင်းတောကစို သူစိတ်တွေကို မနည်းထိန်းချုပ်ထားရသည်။ သူ့နာမည်က
ကောင်လေးခေါ်လိုက်တော့မှ ပိုနားထောင်ကောင်းသွားသရောင်။

ဒီလိုနဲ့ ကောင်လေးနဲ့တစ်ခန်းထဲနေတာ ၂ပတ်ကျော် လောက်ရှိတော့မည်။ စကားကတော့ မေးထူးခေါ်ပြောသာပြောဖြစ်သည်။ ပြောတိုင်းလည်းသူကြီးကသာ စပြောရတာကြီးပဲ။ ဒါပေမယ့် ကောင် လေးနဲ့နေတဲ့ အတောအတွင်း ထူးဆန်းတာတစ်ခုကိုကျနော်သတိပြုမိခဲ့သည်။ အဲ့တာကတော့ ကောင် လေးရဲ့အိတ်ကပ်တို့ လွယ်အိတ်ဘေးတွေမှာ ပလာစတာတွေကို တွေ့တွေ့နေရသည်။

Dark collection ✔︎Where stories live. Discover now