✨ My fanboy ✨

46.8K 1.2K 517
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

( ရိုင်းစိုင်းသော အသုံးအနှုန်းများပါတဲ့အတွက် အဆင်ပြေမှဖတ်ပါ။)

𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍𑁍

⏰ တီ တီ တီ

Alarm နာရီမှ တတီတီမြည်သံကြောင့် jungkook အိပ်ယာမှ နိုးလာခဲ့သည်။ မျက်လုံးပွင့်ပွင့်ချင်း မျက်နာကျက်ပေါ်မှာ နေရာယူထားသော သူ့ရဲ့ နတ်သားလေးပုံကြောင့် jungkook မျက်နာမှာ အပြုံးတို့ ဖြစ်ပေါ်လာသည်။

Jeon jungkook စိုတာ အသက် ၂၀အရွယ်
ကျောင်းသား တစ်ယောက်ပေါ့။ သူသဘောကျတဲ့ ဂီတပညာကိုသာ တစ်ဆိုင်းမတ်မတ်သင်ယူသည်။ သူစိုတာဟာ မကြိုက်ရင် နည်းနည်းမျှ လှည့်မကြည့်တဲ့သူဖြစ်ပြီး သူသဘောကျရင်တော့
အရူးအမူးဖြစ်သည့်အထိပင်။

သူသဘောကျတဲ့ အရာတွေက ရှင်းပါတယ်။
တစ်ခုပဲ Kim taehyung စိုတဲ့ နာမည်ကြီးအဆိုတော် ဖြစ်သည်။ လူလေးက ကြွေရုပ်လေးပမာ လှပသလို အသံလေးမှာလည်း နားထောင်ရသူကို စိတ်အပန်းပြေစေသည်။ ဒါတင်မကသေး အကစိုလည်း
ကကွက်တိုင်းမှာ အချိုးကျလှပတဲ့ သူ့ရဲ့
ခန္ဓာကိုယ်လေးကို အသုံးပြုပြီး လှုပ်ရှားမှုတိုင်းမှာ
ဆွဲဆောင်မှုရှိအောင် ကတတ်သေးတာ။

Jungkook အသက် ၁၈ နှစ်မှာ tv program တစ်ခု ကြည့်ရင်း taehyung ကိုစသိခဲ့တာဖြစ်သည်။ စကားပြော ယဉ်ကျေးကာ ဖော်ဖော်ရွေရွေရှိတဲ့ taehyung က သူ့အတွက်တော့ တွေ့ဖူးနေကျ လူတွေနဲ့မတူ မူယာမာယာကင်းကာ ဖြူစင်လှသည်။ လူချစ်လူခင်ပေါပုံရတဲ့ taehyung ဟာ အမြဲ
လေးထောင့်ဆန်ဆန်အပြုံးလေးနဲ့လည်း
ပြုံးပြတတ်သေးသည်။

ထိုအချိန်မှစ၍ ဆွဲလမ်းမိသွားတဲ့ နှလုံးသားဟာ Kim taehyung က နာမည်ကြီးအဆိုတော်
တစ်ယောက်ဖြစ်နေတာသိတော့ နည်းနည်းတော့ စိတ်တိုင်းမကျဖြစ်မိသည်။ နတ်သားပမာ လှပပြီး ပြည့်စုံတဲ့ taehyung ကို မလိုချင်တဲ့သူ ရှိမည်မထင်။

သူစိုတာဟာ အတ္တကြီးသည်မို့ သူသဘောကျတဲ့ taehyung ဟာ သူတစ်ယောက်တည်း
အပိုင်ဖြစ်ရမည်။ သူကလည်း taehyung ကို
သူ့အပိုင်ဖြစ်အောင် လုပ်မှာ။

အရင်တောက အမဲရောင်မှလွဲပြီး ကြိုက်တဲ့အရာ ရေရေရာရာမရှိခဲ့ပေမယ့် taehyung ကို
သိပြီးနောက်မှာတော့ taehyung နဲ့ ပတ်သတ်တဲ့ အရာတိုင်းဟာ သူကြိုက်တဲ့ အရာတွေဖြစ်လာခဲ့
သည်။

Dark collection ✔︎Where stories live. Discover now