𝚄𝚗𝚒𝚌𝚘𝚍𝚎
( ⚠️warning ⚠️ - ရိုင်းစိုင်းသော အသုံးအနှုန်းများပါတဲ့အတွက် အဆင်ပြေမှဖတ်ပါ။ )
ကြီးမားသော စံအိမ်ကြီးအတွင်းသို့ ဝင်လာသော ကားအနက်တစ်စီး။ ထို့နောက် လူတစ်ယောက်က အိပ်ပျော်နေသော၅နှစ်အရွယ်ကလေးလေးတစ် ယောက်ကို ချီပြီးခေါ်လာသည်။ ချောမောတဲ့ မျက်နာထက်မှာတော့ အလိုမကျမှုတွေပြည့်လို့။
အိမ်ပေါ်ထပ်ကိုတက်သွားလိုက်ပြီး သူ့အခန်းထဲ
ဝင်ကာ ကုတင်ပေါ်အသာချပေးလိုက်သည်။jungkook လည်း အဝတ်အစားတွေချွတ်ကာ စိတ်ညစ်မှုတွေပြေပျောက်ရန် ရေပန်းအောက်မှာ ရေချိုးလိုက်သည်။ သူရေချိုးခန်းထဲက ထွက်လာတော့ ဟိုကလေးကအိပ်နေတုန်းပင်။
သူလည်းဘားမှ မပြောချင်တာနဲ့ အဝတ်အစား
သာလဲလိုက်သည်။ဘားမှလုပ်စရာမရှိတာနဲ့ taehyung ဘေးမှာဝင်လှဲပြီးဖုန်းကြည့်နေလိုက်သည်။
အချိန်ကလည်း ည၆နာရီရှိနေပြီဖြစ်တဲ့ အတွက်
ဗိုက်ကစာလာပြီဖြစ်သည်။ ဘေးမှာအိပ်နေတဲ့ ကလေးကို ကြည့်လိုက်တော့ အပြစ်ကင်းစွာအိပ်နေသည်။ ပါးပေါ်က မျက်ရည်ကြောင်းများပင်
မခြောက်သေးပေ။- မင်းနဲ့ ငါနဲ့ ဘယ်လိုနှစ်ပါးသွားရမလဲကွာ။
တကယ်တော့ taehyung ကသူ့အစ်ကိုရဲ့သားဖြစ်
သည်။ အစ်ကိုစိုတော့လည်း အရင်းမဟုတ်
မွေးစားသားဖြစ်သည်။ ငယ်ငယ်ကတည်းက
စိုးသွမ်းတဲ့သူ့ကို လစ်လျှူရှုခဲ့ပြီး လိမ္မာပြီး
စာကြိုးစားတဲ့ သူ့အစ်ကိုစိုသူကိုသာ မိဘတွေက အလေးပေးခဲ့သည်။မနာလိုပေမယ့် ပြသနာတွေမဖြစ်အောင်
ခပ်ကင်းကင်းသာနေခဲ့သည်။ မိဘတွေဆုံးသွားတာတောင် အမွေတစ်ယောက်တစ်ဝက်ဆီခွဲယူကာ
ကိုယ့်လမ်းကိုယ်လျှောက်လာတာ သူ့အသက် ၂၅နှစ်အထိပင်ရှိပြီ။ဒီလိုကင်းကင်းရှင်းရှင်းနေခဲ့တာတောင် သူ့အစ်ကို car accident ဖြစ်ပြီး သူ့မိန်းမကော သူရောပါ အနိစ္စချောသွားခဲ့တဲ့ ကိစ္စမှာ သူကတစ်ဦးတည်းသော ဆွေမျိုးအဖြစ် ကိစ္စအဝဝကို စီစဉ်ခဲ့ရသည်။
ဒါတင်မကသေး ၅နှစ်အရွယ်ကလေး
တစ်ယောက်ပါ အစစ်မွေးစားလိုက်ရသေးသည်။
တကယ်စိတ်ပျက်ဖို့ကောင်းလိုက်တာ။

YOU ARE READING
Dark collection ✔︎
Fanfiction⚠️အမှောင်မကြိုက်လျှင် လုံးဝမဖတ်ပါနဲ့ ⚠️idol image လုံးဝထိခိုက်စေဖို့ မဟုတ်ပါ ⚠️မကြိုက်လျှင်မဖတ်ပါနဲ့ ဖတ်ပြီးလျှင်မ blameပါနဲ့ အပေါ်ကအချက်တေလိုက်နာနိုင်မှဖတ်ပါ။ (Warning စိုတာအားရားလို့ရေးထားတာမဟုတ်ပါ။ ကိုယ်နဲ့ အဆင်ပြေမပြေသိရအောင်ရေးထားတာပါ။ warning...