အပိုင်း(၂)

62.7K 4.8K 90
                                    

တစ်ဦးဆိုင် ရပ်ဝန်း

Unicode

" သေချာပြီလား ဆုံးဖြတ်ပြီးတာ သေချာပြီလား လွန်းလရိပ်ဝေး "

ဘေးဘေ ကို တစ်ယောက်တည်း မထားခဲ့ချင်ပေမယ့် သူဒီမှာတော့ ဆက်နေဖို့လည်း မဖြစ်တော့ချေ။

" ဟုတ်ကဲ့ ဘေးဘေ သေချာပါတယ် သား သေချာဆုံးဖြတ်ပြီးပါပြီ "

ဘေးဘေက သက်ပြင်းအသာချကာ သူ့အနားလာဖို့ လက်ယက် ခေါ်သည်။

လွန်းလရိပ်ဝေး ဘေးဘေ အနားတိုးသွားလိုက်ပြီး လက်ကလေးကို ဆုပ်ကိုင်ပေးထားလိုက်သည်။

" ဘေးဘေက သားဆုံးဖြတ်ချက်မှန်သမျှကို ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဖူးဘူး နော်
လွန်းလရိပ်ဝေး ဘာလို့ဆို သားကို ဘေးဘေ ယုံကြည်လို့ သားက အခုမှ အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးပေမယ့် အတွေးခေါ်တွေက
ရင့်ကျက်လွန်းတယ် "

ဘေးဘေပြောသလိုပင် သူက ဆယ့်သုံးနှစ်နဲ့
မလိုက်အောင်ကိုပင် ထူးချွန်ထက်မြတ်ပြီး
ရင့်ကျက်လွန်းလှသည်။

" ဘေးဘေးကို သားကျေးဇူး အများကြီး တင်ပါတယ် သား ဆုံးဖြတ်ချက်ချပြီးသား ကိစ္စ မို့လည်း ဘေးဘေက ခွင့်ပြုပေးမယ်လို့ ထင်ပါတယ်"

နောက်ဆုံး ​ကြီး​ကြီးဖြစ်သူ ဘေးဘေကပဲ တူဖြစ်သူ ဆန္ဒ ကို ခွင့်ပြုလိုက်ရသည်။

လွန်းလရိပ်​​ဝေး ၏ အဖေနဲ့အမေက တရားဝင်ကွာရှင်းထားခြင်း ဖြစ်ပြီး သူ့အား ဘေးဘေ ထံ၌ အပ်ထားခဲ့သည်။

ဘေးဘေက ဖေဖေ့ အမ ဖြစ်ပြီး ခွဲစိတ် ဆရာဝန်တစ်ယောက်လည်း ဖြစ်သည်။

ဖေဖေနဲ့ မေမေက လွန်းလရိပ်ဝေး ကိုးနှစ်အရွယ် ​လေးတန်းတက်နေတဲ့အချိန်မှာပဲ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ကြသည်။

သူ့ကို တစ်နှစ်တစ်ခါပုံမှန်လာတွေ့ကြပေမယ့် မေမေက လွန်းလရိပ်ဝေး ခြောက်တန်း နှစ် မှစ၍ လာမတွေ့တော့ချေ။ ဘေးဘေ စုံစမ်းခိုင်းတဲ့ သတင်းတွေအရတော့ မေမေက
သြစတီးယားဘက်မှာ နောက်အိမ်ထောင်ပြု သွားပြီဟူ၍ပင်။

ဖေဖေကလည်း မေမေ နောက်အိမ်ထောင်ပြုပြီး ငါးလအကြာမှာပဲ နောက်မိန်းမထပ်ယူခဲ့သည်။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now