အပိုင်း(၁၅)

38.2K 3.4K 301
                                    

တစ်ဦးဆိုင်   ရပ်ဝန်း

Unicode

Iris ဖက်ထားသော လွန်းရဲ့ ကိုယ်သင်းနံ့လေးကို မက်မက်မောမော ရှုနေလိုက်သည်။

သူ့ ကောင်လေး က အရပ်​ကြီးလည်း ရှည်လာလိုက်တာ လွန်းက  မျက်မှန်လည်း တပ်ထားရတယ်ဆိုတော့ မျက်စိအားမကောင်းဘူးထင်တယ် ။

အမြဲနမ်းရှိုက်ချင်ခဲ့တဲ့ လွန်းရဲ့ နှုတ်ခမ်းပါးလေးက ငယ်ငယ်တုန်းကအတိုင်း ပန်းဖျော့ရောင် သမ်းနေတုန်း ပင်။

Iris လွန်း ဆံပင်တွေကြားထဲ နှာခေါင်း နှစ်ထားကာ  အကြာကြီးနမ်းနေမိသည်။

​နမ်းလို့အားရကာမှ Iris လွန်းကို ရင်ခွင်ထဲမှ ထုတ်ပြီး မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။

" လွန်း မောင် အရမ်း  ခွပ် "   

" ခွေးသူတောင်းစား လမြတ်ဝါဆို  "

" လွန်း "

" မင်းဘိုးအေကြီးကို လွန်း ခေါ်နေလိုက် ခွပ်  "

လက်သီးသုံးကာ အားပြင်းပြင်းနဲ့ထိုးလာသော လွန်းကြောင့် Iris မျက်နှာတစ်ခြမ်း ပူထူသွားရသည်။

သူ့မျက်နှာ နာတာ အကြောင်း မဟုတ် လူနာတွေကို ကုသပေးနေတဲ့ လွန်း ရဲ့ လက်နုနုလေးတွေကိုတော့ သူ့မျက်နှာထိုးသည့် အတွက်ကြောင့်နဲ့တော့ အထိခိုက်မခံနိုင်ပါ။

" လွန်း လက်နာမယ်နော် မထိုး      ခွပ် "

နောက်တစ်ချက် မျက်နှာပေါ်ကို  ပစ်ဝင်လာသည့် လက်သီးကြောင့် Iris လွန်းလက်တွေ ချုပ်ထားပစ်လိုက်သည်။

" ဖယ်စမ်း ငါ့အသားလာမထိနဲ့ လမြတ်ဝါဆို "

လွန်း ဒီခွေး​ကောင် ကို ဆက်ထိုးချင်တာကြောင့် မရရအောင် ရုန်းကြည့်လိုက်သော်လည်း သူ့ထက်ပိုအားသန်သည့် လမြတ်ဝါဆို ကြောင့် ရုန်းမရပဲ ဖြစ်နေလေသည်။

" ငြိမ်ငြိမ်နေပါဦး လွန်းရယ် မောင်ရှင်းပြပါရစေ မောင့်အပိုင်လေးရယ် "

" လီးကို ရှင်းပြ  လွှတ်စမ်း လမြတ်ဝါဆို "

Iris ဘယ်လိုမှ ပြောမရသည့် အဆုံး ခြိမ်းခြောက်စကားသာဆိုလိုက်ရသည်။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now