အပိုင်း(၃၁)

32.3K 3.1K 283
                                    

တစ်ဦးဆိုင်   ရပ်ဝန်း

Unicode

" လက်ထဲက ဖုန်းကို အခုချလိုက်တော့ လွန်းလရိပ်ဝေး "

တစ်မနက်လုံး Iris ကြည့်နေတာ လွန်းလရိပ်ဝေး တစ်ယောက်  ဖုန်းကို မနက်တည်းက အကြည့်ကိုမပြတ်ဘူး ။ မျက်လုံးက ကောင်းလားဆိုတော့ မကောင်းဘူး ။ မျက်မှန်သမားမို့ Iris က ပိုပြီး စိတ်ပူတာ။

" လွန်း အခုချလိုက်တော့ မောင် ကြည့်နေတာကြာပြီနော် မျက်လုံးထိခိုက်လိမ့်မယ် ရှမ်းခေါက်ဆွဲ ပြင်ပြီးပြီ အစားစားဖို့လည်း သတိရဦး "

ပါးစပ်ကသာ အမြှုပ်ထွက်မတတ် ပြောနေသော်လည်း လွန်းလရိပ်ဝေး တစ်ယောက် Iris ကို အဖက်ပင်မလုပ် ။

" မောင့်ကို စိတ်ဆိုးနေတာလား သည်းငယ် "

" မောင်မှားပါတယ်နော် စကားမပြောပဲနဲ့တော့ မနေပါနဲ့ မောင်မနေတတ်ဘူး လွန်းရာ "

Apron တောင် မချွတ်နိုင်ပဲ Iris လွန်းကို ချော့နေရသည်။

ပြဿနာက ဒီလို အိပ်ရာထထချင်း လွန်းကပုံမှန်အတိုင်း ဆေးရုံသွားဖို့ပြင်တယ် ။

Iris က လက်မခံ အိမ်မှာပဲနေဖို့ ပြောသည် ။ လွန်းကလည်း မရမက သွားမယ်လုပ်တာ Iris လည်း ဘယ်လိုမှထိန်းမရတော့ လွန်းကို အမှန်အတိုင်းပဲ ပြောပြလိုက်တယ် ။

" မောင် မင်းရဲ့ အလုပ်ထွက်စာ တင်ပြီးပြီ လွန်း "

" ဘာပြောတယ် လမြတ်ဝါဆို "

နားစည်တွေပါ ကွဲထွက်သွားပြီလားဟုတောင် Iris ထင်ရသည်။

" ဟုတ်တယ် လွန်း မောင်က လွန်း ပင်ပန်းမှာဆိုးလို့ ပြီးတော့ ဒီနားတစ်ဝိုက်မှာပဲ မင်းအတွက် ကိုယ်ပိုင်ဆေးခန်း ဖွင့်ဖို့ အကုန်လုံးစီစဥ်ပြီးပြီ ။ ပိုက်ဆံမယူဘဲနဲ့လေ သိတယ်မလား အခမဲ့ ဆေးခန်းပေါ့ လွန်း မောင့်ကို စိတ်မဆိုးနဲ့ နော် "

" ဘယ်တုန်းကလဲ လမြတ်ဝါဆို ဘယ်တုန်းထဲက အလုပ်ထွက်စာ တင်လိုက်တာလဲ "

Iris ခေါင်းတစ်ချက်ကုတ်ပြီး

" လွန်း ဖျားတဲ့နေ့ကပဲ မောင် လွန်းတို့ ဆေးရုံအုပ်နဲ့တွေ့ပြီးပြီ ။ လွန်းကို အလုပ်မလုပ်ခိုင်းတော့ဘူးလို့ "

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now