အပိုင်း(၂၄)

32.6K 3K 476
                                    

တစ်ဦးဆိုင် ရပ်ဝန်း

Unicode

ဘေးအိမ်ကို စစရောက်လာတဲ့ အိမ်သားတွေထဲမှာ မှ ပျိုလေးနဲ့ ရွယ်တူ ကောင်မလေး တစ်ယောက်ရယ် ပျိုလေးထက် နည်းနည်းကြီးပုံရတဲ့ ကိုကိုတစ်ယောက်ရယ် ပါလာတာမြင်လိုက်ရတော့ အရမ်းကိုပျော်သွားခဲ့တာ။

အဖော်မက်သည့် ပျိုလေးအတွက်တော့ ဘေးအိမ်က မောင်နှမနှစ်ယောက် က ခင်မင်ဖွယ်အတိပါပဲ ။

ပျိုလေးမေမေက မြန်မာလူမျိုးဆိုတော့ ပျိုလေးလည်း မြန်မာစကားကို သိသင့်သလောက်နဲ့ ပြောသင့်သလောက် ပြောတတ်သည်။

ပျိုလေးနဲ့ရွယ်တူ ကောင်မလေး လေးမြတ်ခွာညို ထက် ခပ်မာမာ မျက်နှာထားနဲ့ ကိုကို
လမြတ်ဝါဆို ကိုသာ ပျိုလေး ပိုခင်ချင်ခဲ့တာ ။

ဒါပေမယ့် ကိုကိုက တစ်ယောက်တည်း အေးဆေးသမား မို့လို့လား မသိ ပျိုလေးကို မေးထူးခေါ်ပြောကလွဲ ပြီး စကားတစ်လုံးတောင် ပိုမပြောခဲ့ ။

လေးမြတ်ခွာညို ကို မေးကြည့်တော့ကိုကို့ရဲ့ ခန္ဓာကိုယ်ကသာ France ကို ရောက်နေပေ
မယ့် စိတ်ကတော့ မြန်မာပြည်မှာ ရှိတဲ့ လွန်းလရိပ်ဝေး ဆိုတဲ့ ကောင်လေးဆီမှာ ကျန်ခဲ့တာတဲ့ ။

ပျိုလေး လွန်းလရိပ်ဝေး ဟူသော လူသားကို မမြင်ရသေးခင်အချိန်မှာပဲ စတင်မုန်းမိသည်။

ကိုကိုက ဒီလောက် တမ်းတမ်းစွဲ ဖြစ်နေရအောင် သူက ပျိုလေး လောက်တောင် လှလို့လား ။

ပျိုလေးလို ရွှေအိုရောင် ဆံပင်ကောက်ကောက် လေးတွေရော ရှိရဲ့လား ။

ပျိုလေးလို သမင်မျက်လုံး လေးတွေရော ရှိရဲ့လား ။

အမုန်းတွေအားလုံး အခြေကျခိုင်မာသွား
သည့် နေ့ကတော့ ပျိုလေးမွေးနေ့မှာပဲ ။

မွေးနေ့ဖိတ်ထားတာကိုတောင် မလာပဲ လွန်းလရိပ်ဝေး အတွက် ဆိုပြီး အားကြိုးမာန်တက် အချိန်ပိုင်း အလုပ်ကိုသွားတယ်တဲ့ ။

ဘာမို့လို့ သူက အဲ့လောက်တောင် အရေးပါနေရတာလဲ ။

ပျိုလေး အမုန်းဆုံးက လွန်းလရိပ်ဝေး က ယောကျ်ားတစ်ယောက် ဖြစ်နေခဲ့တာပဲ ။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now