အပိုင်း(၇)

35K 3.7K 225
                                    

တစ်ဦးဆိုင်  ရပ်ဝန်း 

Unicode

" လမြတ်ဝါဆို ဒီမှာလာထိုင်စမ်း "

မီးငယ်က ဒယ်ဒီနဲ့ တိုင်လိုက်ပြန်ပြီ ထင်တယ်။ လမြတ်ဝါဆို ဒယ်ဒီနဲ့ မီးငယ်၏ အခြား တစ်ဖက် ကခုံ၌ ဝင်ထိုင်လိုက်သည်။

" ဟုတ်ကဲ့ ဒယ်ဒီ "

" မင်း မနက်က မီးငယ်ကိုခေါ်မသွားဘူးဆို ကိုယ့်ညီမထက် ဘယ်ကောင်ကအရေးကြီးနေလို့လဲ လမြတ်ဝါဆို "

မီးငယ်က သူ့ကိုငိုယိုပြီး လာတိုင်တုန်းက ဦးမြတ်သူ ခင်မျာ ဘယ်လောက် တောင် ပြာယာခပ်သွားရတယ်ထင်လဲ။ အငယ်ဆုံးကလေးလေး ဖြစ်တဲ့အပြင် လာဘ်ကောင်လေးမို့လို့ မျက်နှာအညိုးမခံနိုင်လောက်အောင်ကို သူရော လင်းရော ချစ်ရပါသည်။

" သူ့မှာလည်း ခြေထောက် ပါတာပဲ ဒယ်ဒီ ပြီးတော့ သူ့ကို ဒယ်ဒီကိုယ်တိုင် လိုက်ပို့လို့လည်း ရတယ် ပြဿနာမဟုတ်တာ ပြဿနာမရှာချင်ပါနဲ့ "

" လမြတ်ဝါဆို "

" ဟင့် ရပါတယ် ဒယ်ဒီ မီးငယ်ကသာ ကိုကို့ကို ချစ်တာ ကိုကိုက မီးငယ်ကို ချစ်တာ မဟုတ်ဘူး ကျောင်းမှာလည်း မီးငယ်ကိုဆို ကိုကိုက ခေါ်တာမဟုတ်ဘူး သမီး အရမ်း စိတ်မကောင်း ဖြစ်ရတယ် ဒယ်ဒီ "

ဘယ်အချိန်ထဲက ညှစ်ထုတ်ထားမှန်းမသိယသည့် မျက်ရည်တွေနှင့် မီးငယ်က ငိုယိုကာပြောလာသည်။

" မငိုနဲ့ မီးငယ် အဲ့ကောင်ကကောင်းတာမဟုတ်ဘူး သမီးသူ့ကို အကိုလို့ သတ်မှတ်မနေနဲ့ အလကား အပေတေတွေနဲ့ပဲ ပက်သတ်ချင်တဲ့ အကောင် ဘေးအိမ်က ကောင်က မင်း ညီမထက်ပိုအရေးကြီးနေတာလား လမြတ်ဝါဆို "

" ဒယ်ဒီ "

ခလွမ်း

အံကို ကြိတ်ကာ ဆက်တီ ခုံပေါ်က အအေးခွက်ကို လက်နဲ့တိုက်ချလိုက်သော သားဖြစ်သူကြောင့် ဦးမြတ်သူ ဆွံ့အသွားရသည်။

" လွန်းကို အပေတေလို့မပြောနဲ့ အဲ့အကောင်လို့လည်း မသုံးနှုန်းနဲ့ လွန်းက အဲ့လိုပြောခံရ
မယ့်သူမဟုတ်ဘူး ဒယ်ဒီ လေးမြတ်ခွာညို နင်ငါ့စက်ဘီး လိုချင်တာမလား ယူလိုက် ငါ့ပြိုင်ဘီးကို ပထမဆုံး စီးဖူးတဲ့သူက လွန်း ဖြစ်သွားပြီ ကျန်တာ ဂရုစိုက်မနေတော့ဘူး ပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော်ဝင်တော့မယ် "

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now