အပိုင်း(၁၈)

36.1K 3.2K 109
                                    

တစ်ဦးဆိုင်  ရပ်ဝန်း

Unicode

" နိုးပြီလား လွန်း မောင်တို့ ပြန်ရောက်နေတာ ကြာပြီ လွန်း အိပ်ပျော်နေတာ မောင် မနှိုးရက်လို့ စောင့်ပေးနေတာ "

အလင်းရောင်ကြောင့် လွန်း မျက်လုံးစူးသွား၍ အသာပွတ်လိုက်မိသည်။

" ဟာ မျက်လုံးကို မပွတ်ရဘူး လွန်း မျက်မှန်သမားဆိုတာ တအား ဆင်ခြင်ရတယ် "

" မင်း ဘာဖြစ်နေတာလဲ ကဲနေလိုက်တာ အရင်ကလည်း ပွတ်နေကြဟာကို "

Iris အခုထိ မျက်လုံးကို ပွတ်နေသော လွန်း လက်နှစ်ဖက်လုံးကို သူ့ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

" မျက်လုံး ကိုတအားပွတ်မိရင် မကောင်းဘူး လွန်းရဲ့ လက်မှာ မမြင်ရတဲ့ ပိုးမွှားတွေ ရှိနေနိုင်တယ် ပြီးတော့ မျက်လုံးထိခိုက်လိမ့်မယ် "

အတည်ကြီးပြောနေသော လမြတ်ဝါဆို ကြောင့် လွန်း ခေါင်းငြိမ့်ပြလိုက်ရသည်။

" ယားတယ် ဖုန်းအသုံးများလို့ လားမသိဘူး မျက်လုံးတွေ လည်း စူးပြီးအောင့်နေတာ ပြီးတော့ ငါက အစပ်အရမ်း စားတာ အဲ့ဒါ
ကြောင့် ထင်တယ် စိတ်မပူပါနဲ့ ငါ မင်းစကား နားထောင်ပါ့မယ် "

နဖူးပေါ် ဝဲကြနေတဲ့ လွန်း ဆံပင်လေးတွေကို Iris သပ်တင်ပေးကာ ခပ်ဖွဖွလေး နမ်းလိုက်သည်။

" မောင် မင်းအတွက်  Tissue ကို သီးသန့်   ထုတ်ပေးမယ်  နူးညံ့လွန်းလို့ သုံးလို့သိပ်ကောင်းတယ်  မျက်လုံးကို ပွတ်ချင်တယ်ဆိုရင် အဲ့ Tissue ကို သုံး ဟုတ်ပြီလား "

" အင်း အခုရော အခုက ဘာနဲ့ပွတ်ရမှာလဲ မျက်ခမ်းစပ်တွေ ယားနေပြီ "

" မောင် လုပ်ပေးမှာပေါ့ မျက်လုံးခဏလောက် မှိတ်ထားပေး "

မျက်ခမ်းစပ်​လေးတွေ ရဲနေသည့် လွန်း
ကြောင့်   Iris သူ့မူပိုင်  နှာခေါင်းချွန်ချွန်​လေးကို အသုံးပြုကာ ပွတ်ပေးနေလိုက်သည်။

မျက်ခမ်းစပ်ကို လာထိနေသည့် အရာကြောင့် လွန်း မျက်လုံးဖွင့်ကြည့်လိုက်တော့ လမြတ်ဝါဆို ရဲ့ နှာခေါင်းဖြစ်နေသည်။

တစ်ဦးဆိုင် ရပ်ဝန်းTahanan ng mga kuwento. Tumuklas ngayon