အပိုင်း(၁၃)

32.2K 3.4K 236
                                    

တစ်ဦးဆိုင် ရပ်ဝန်း

Unicode

(၁၀) နှစ်ကြာပြီးနောက်။

သူ့ပေါင်ကြားထဲ ခေါင်းရောက်နေသော Green ရဲ့ ခေါင်းကို Iris လက်နှစ်ဖက်နှင့်ဆောင့်ဆွဲလိုက်ပြီး  တွန်းထုတ်လိုက်သည်။

" သွားလိုက်တော့ Green ငါမင်းကို မသတ်မိခင် "

" Iris ငါ "

" ထွက် သွား "

သူ့စကားကို နားထောင်သည့် Green က သူ့အား ခေါင်းငြိမ့်ပြကာ ထွက်သွားပေးသည်။

ခဏမှေးနေတုန်း ရှိသေး Green က သူ့အရာကို ပါးစပ်ထဲထည့်ကာပြုစုပေးနေခြင်း။

Green က Gay ဆိုတာသိပေမယ့် သူ့ကိုအဲ့လောက်ထိ အရူးအမူးဖြစ်နေမယ်တော့ မထင်မိ။

သူငယ်ချင်း အချင်းချင်း မို့ သူ Green ကို ဒီတစ်ခေါက်တော့ ညှာပေးလိုက်မည်။

Iris က လည်း Gay ဆိုပေမယ့် လွန်းတစ်ယောက်ထဲအတွက်သာ Gay ခြင်း Iris က Limited Gay။

France ကို စရောက်ထဲက သူ့နှလုံးသား တံခါးကို ပိတ်ထားခဲ့တာ ဆယ်နှစ်တိတိရှိခဲ့ပြီ။

Green ထွက်သွားမှ  သူ့အတွက် limited နဲ့ထုတ်ပေးထားရသော လက်ထဲက Leo တံဆိပ်နဲ့  cigarette ကို စိမ်ပြေနပြေ သောက်နေလိုက်သည်။

ဆေးလိပ်ငွေ့တွေကြားထဲမှာမှလည်း  မပီမပြင်မျက်နှာတစ်ခုက ထင်းလင်းနေသည်။

ဂုတ်အထက်နားထိရောက်နေသော ဆံပင်ခရမ်းရောင်များကို စုစည်းထား​ပြီး နားထင်နားက တက်တူးစာသားကလည်း မြင်သူတိုင်းအဖို့ သမင်လည်ပြန်ငေးရလောက်အောင် လှပလွန်းသည်။

My Youth = Loon LaYeik Wayy.

စစရောက်တဲ့နေ့မှာပဲ သူ ဒယ်ဒီ့ကို မရမက
ခွင့်တောင်းကာ သွားထိုးခဲ့ခြင်း။နာလွန်းလို့ အံကြိတ်ကာ တင်းပြီး ထိုးခံခဲ့သည်။

အပေါ်ပိုင်း က အင်္ကျီ ဗလာနှင့်မို့ ကြွက်သားများကလည်း အမြှောင်းလိုက်ထနေသည်။

ဖြူစွတ်နေသော အသားအရည်ကြောင့် Iris ရဲ့ လူငယ်ပုံစံကို ပိုပြီး ပေါ်လွင်နိုင်စေသည်။

ခြောက်ပေ နှစ်လက်မရှိသော အရပ်ကြောင့်လည်း Iris က University ရှိ ယောကျ်ားလေး  မိန်းကလေးများကြား အမြဲနာမည်ကြီးနေသည်။ Iris ကို မိန်းကလေးတွေသာမက အချို့ယောကျ်ားလေးများကပါ ပိုးပန်းကြသည်။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now