အပိုင်း(၂၆)

32.3K 3K 135
                                    

တစ်ဦးဆိုင်   ရပ်ဝန်း

Unicode

" မောင် တစ်ကယ်လို့ မောင့်မိဘတွေ က လွန်းနဲ့ သဘောမတူရင်ရော "

မောင့်လက်ဖမိုးကို အရက်ပျံဆွတ်ထားသော ဂွမ်းစနဲ့ လွန်း အသာပွတ်ပေးလိုက်ကာ မေးလိုက်သည်။

"   သူတို့မောင့်ကိစ္စတွေကို ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး လွန်း "

" တစ်ကယ်လို့ သဘောမတူရင်ရောလို့ ပြောတာ မောင်ရဲ့ "

ငယ်ငယ်တုန်းကလို နောက်ဖေးခြံမှာ တွေ့ရင် ဝတ်လာသည့် အတိုင်း အဝါရောင်ဘဲပေါက်လေး​တွေအများကြီးပါသည့် Night Dress ကိုမှ အင်္ကျီ အတို ဘောင်းဘီအတိုလေးသာ ဝတ်ထားသည့်  လွန်းက ကလေးလေးတစ်ယောက်လိုပင်ဖြစ်နေသည် ။ အသားအရည်က ဝင်းဝါနေကာ ဝတ်ထားတဲ့ အဝါရောင်နဲ့ အပ်စပ်လှသည်။

မျက်မှန်ကလည်း ဆေးရုံသွားရင် တပ်နေကြ  လေးထောင့်မျက်မှန်မဟုတ်ပဲ ကိုင်းအနက်ရောင် မျက်မှန်ဝိုင်းလေးကို တပ်ထားသောကြောင့် လွန်းက တစ်မျိူးလေး ထူးခြားနေသည်ဟု ဆိုရမည် ။

" သူတို့ သဘောတူတာ မတူတာ မောင်စိတ်မဝင်စားဘူး မောင်စိတ်ဝင်စားတာ လွန်းပဲ  ရှိတယ် ။ ပြီးတော့ သူတို့က မောင့်ကို လွန်းနဲ့ သဘောမတူဘူးဆိုပြီးတော့လည်း ပြောလို့မရဘူး ။

မောင့်မှာ စဥ်းစား တွေးခေါ်နိုင်တဲ့ အသိဥာဏ်ရှိတယ် ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်လည်း မောင် ချနိုင်တယ် ။

ဘယ်ဟာကို ရွေးရင် ကောင်းတယ် ဘယ်ဟာကိုရွေးရင် မကောင်းဘူး ဆိုတာ မောင်သိတယ် လွန်း ။  "

" ဒါပေမဲ့ သူတို့က မောင့်မိဘတွေ လေ "

Iris လွန်းကို မျက်နှာလွှဲလိုက်ပြီး နှုတ်ခမ်းတစ်ချက်မဲ့ပြစ်လိုက်သည်။

" မိဘဆိုတာ နာမည်ခံသက်သက် ပဲ လွန်း ။
မောင့်အပေါ်မှာ မိဘတာဝန် တစ်ခုတောင် ကျေဖူးတာ မဟုတ်ဘူး ။ မတတ်သာလို့ သာ မောင့်ကို မွေးပြီး ကျွေးထားရုံပဲ "

မောင်ပြောတာလည်း ဟုတ်နေသည်မို့ လွန်း မောင်လက်လေးကို အသာကိုင်ပြီး ဆေးသာထည့်ပေးနေလိုက်တယ် ။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now