အပိုင်း(၁၀)

37.6K 3.4K 146
                                    

တစ်ဦးဆိုင်  ရပ်ဝန်း

Unicode

" ကိုကို ငါပြောစရာရှိတယ် ခဏလောက်နားထောင်ပေး "

" ဘာပြောဖို့လဲ မီးငယ် မြန်မြန်ပြော လွန်းလာလို့ နင့်ကို တွေ့ရင် လန့်သွားလိမ့်မယ် "

" တောက်စ် ကိုကို နင် "

အဲ့ကောင် လန့်ရအောင် သူကအဲ့လောက်ရုပ်ဆိုးနေတာမှ မဟုတ်တာ ။

" ပြောဘာလဲ "

" ကျောင်းကပြန်ရင် ငါ ရယ် ကိုကိုကြည်နူးသန့်စင်ရယ် ချိန်းတွေ့မလို့ နင်ပါ လိုက်စောင့်ပေးရမယ် "

" ရူးနေလား ​လေး​မြတ်ခွာညို  နင့်အကောင်နဲ့သွားတွေ့တာ ငါက ဘာလိုက်လုပ်ရမှာလဲ "

လွန်းနဲ့ ဧကန်ကလည်း မုန့်သွားဝယ်တာ အခုထိပြန်မလာသေးဘူး။လမြတ်ဝါဆို မျက်နှာကြီး တစ်ခုလုံး ကလည်း နီရဲပေါက်ထွက်တော့ မတတ်ဖြစ်နေသည်။

" လမြတ်ဝါဆို " " ဝါဆို "

" ဘာဖြစ်တာလဲ ခဏပဲ သွားရသေးတယ် လမြတ်ဝါဆို "

" အေးလေ ဝါဆိုရယ် ငါတို့မင်းကိုစိတ်မချလို့
မြန်မြန်ပြန်လာခဲ့တာ "

" အပိုတွေလုပ်မနေနဲ့ ဟိုဘက်ကတစ်ယောက်  လွန်းလရိပ်ဝေး ဒီနေ့ အိမ်ကို နင်တစ်ယောက်တည်းပြန် ကိုကိုက ငါနဲ့သွားစရာရှိတယ် ဧကန်မင်းမြတ် နင်လည်း ကိုကိုနဲ့ ပေါင်းနေတယ်ဆိုပြီး ဘဝင်သိပ်မမြင့်နဲ့"

လေးမြတ်ခွာညို ကိုကို့ အားမှာပြီးတာနဲ့ ကိုယ့်အတန်းကိုယ်ပြန်ထိုင်ကာ မုန့်စားနေလိုက်သည်။

" ရှင်းရှင်းပဲ ပြောမယ် လမြတ်ဝါဆို မင်းညီမက ငါကြည့်မရတဲ့ ပထမဆုံး မိန်းကလေးပဲ "

" ဟုတ်တယ် ငါရောပဲ လရိပ် သူ့ညီမက နည်းနည်း ကြီးကျယ်တယ်နော် "

မျက်လုံးကို မှေးကာ မှုန်ကုပ်ကုပ်ပြောနေသော လွန်းကြောင့် လမြတ်ဝါဆို စိတ်တိုနေတာတောင် ဘယ်ရောက်သွားမှန်းမသိ။

ဧကန် မင်းမြတ်ကလည်း လွန်းစကားကို ခေါင်းညိတ်ပြီး ထောက်ခံနေသည်။

" ဪ ငါ့ကို မြန်မာ ဆရာမခေါ်ထားတယ် သွားလိုက်ဦးမယ် လရိပ်နဲ့ ဝါဆို  မုန့်က မင်းတို့စားနှင့်ကြ မပိုရင်လည်း ချန်မထားနဲ့ အကုန်စားကြ "

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now