အပိုင်း(၂၁)

34.9K 3.2K 239
                                    

တစ်ဦးဆိုင်  ရပ်ဝန်း

Unicode

တစ်စက္ကန့်လေးတောင် လွန်း မျက်ဝန်းတွေကို Iris အလွတ်မပေးပဲ စိုက်ကြည့်နေလိုက်သည်။

နည်းနည်းလေးများ ရှေ့ဆက်တိုးလိုက်ရင် ပန်းဖျော့ရောင်  နှုတ်ခမ်း ပါးပါးလေးနဲ့ ဆေးလိပ်ဒဏ်ကြောင့် ညိုနေသော နှုတ်ခမ်းထူထူလေးကလည်း ထိကပ်တော့မည် ။

" ပြန်ပြောလိုက် ခုနက စကားကို မောင် သေချာမကြားလိုက်ဘူး "

ဒီလောက်ရှင်းလင်းပြတ်သားနေသည့် လွန်းအသံကို မကြားဖူးဆိုတာ မဖြစ်နိုင် သို့​သော်လည်း မောင့်ကို အလိုလိုက်ချင်တာမို့ လွန်း မောင့်နားရွက်ဖျားလေးကို ဆွဲပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။

" မောင့်ကို လွန်းက ချစ်တယ် လို့ အများကြီး ချစ်တာမို့ မောင်ကလည်း လွန်းကို အများကြီး ပိုပြီး ချစ်ပေးပါနော် "

နားထဲကနေတစ်ဆင့် နှလုံးသားထဲကို စိမ့်ဝင်လာသော လွန်း ၏ ချစ်တယ် ဆိုသော စကားကြောင့် Iris ခနလောက် လွန်းကို တွန်းဖယ်လိုက်ပြီး ဝရံတာဘက် ထွက်လာလိုက်တယ်။

ရိုလာကိုစတာ စီးရသလို ခံစားချက်မျိူးကို သူအခုရနေတာ မဟုတ်ဘူး ဒီထပ်ပိုပြီး ဘယ်လိုပြောရမလဲ ရင်တွေ တလှပ်လှပ်နဲ့ ဖြစ်နေတာ ။

ကလေးဘဝတုန်းက သူအရမ်းစားချင်တဲ့ ချိုချဥ်ဘူးလေးကို မာမီက ညီမလေး အတွက်ဝယ်လာပေးဖူးတယ် သူ့အတွက် တော့ မေ့နေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ထားခံခဲ့ရတယ်။

ဒါပေမဲ့ သူကံကောင်းချင်တော့ မီးငယ်က သူ့ကို သနားပြီး ချိူချဥ် တစ်လုံး လာကြွေးတယ် ။

အဲ့တုန်းကလေ Iris တအားကို ပျော်ခဲ့ရတယ် ။

သူလိုချင်တာလေးတွေကို မီးငယ်က မလိုချင်တော့တိုင်း သူ့ကိုလာပေးတတ်တယ်။ အဲ့အချိန်ဆို Iris ကံကောင်းမှုကြီးတစ်ခု ရသလိုကို ပျော်နေတတ်တာ ။

ဒါပေမဲ့ အခုလောက်ထိ မပျော်ဖူးဘူး အခုအချိန်ကလေ  ငယ်ငယ်တုန်းက ကံကောင်းမှုကြီးရတာထက် ပိုပြီး ပျော်ရွှင်ရတယ်။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now