အပိုင်း(၉)

32.5K 3.4K 85
                                    

တစ်ဦးဆိုင် ရပ်ဝန်း

Unicode

လွန်း ခန္ဓာ ကိုယ် အပေါ်ပိုင်း ပူကျစ်လာ၍ ဆက်အိပ်ချင်သော်ငြား မျက်လုံးတို့က ပွင့်လာသည်။

ရင်ခွင်ထဲမှာ အမာရွတ် ကလေးက ရောက်နေပြီး သူတို့နှစ်ယောက်လုံးညက နေ အခုထိ ဒီနေရာမှာပဲ ရှိသေးသည်။ ဒါဆို ကိုယ်တွေ ပူနေတာ အမာရွတ် ကလေးပေါ့။

" လမြတ်ဝါဆို ထဦး လမြတ်ဝါဆို ထပါဦး မင်းဖျားနေပြီ လမြတ်ဝါဆို "

အမာရွတ် ကလေးကို လှုပ်နှိုးနေသော်လည်း အင်း အဲ အသံသာထွက်လာပြီး ရင်ခွင်ထဲကိုပဲ ပို၍ တိုးဝင်လာလေသည်။

နည်းနည်း မှောင်ရီနေသေး၍ မနက်ငါးနာရီလောက်တော့ အချိန်က ရှိလောက်မည်။

သူဘယ်လိုလုပ်ပေးရမလဲ အမာရွတ် ကလေး မိဘတွေကို သွားခေါ်ရမလား။

" လမြတ်ဝါဆို ခဏ ငါမင်းမိဘတွေကို သွားနှိုးလိုက်မယ် ခဏနော် "

" မသွားနဲ့ လွန်း သွားနှိုးလည်း အပိုတွေပဲဖြစ်မယ် "

လည်ချောင်းတစ်လျှောက် နာနေသည်မို့ လမြတ်ဝါဆို အသံက အက်ကွဲစွာ ထွက်လာသည်။

" ဒါဆို ငါက မင်းကို ဒီအတိုင်း ထိုင်ကြည့်နေရမှာလား သူတို့ကမင်းမိဘတွေလေ သူတို့မင်းကို မချစ်ဘူးဆိုရင်တောင် မင်းကို စောင့်ရှောက်ဖို့ တာဝန်အပြည့်ရှိတယ်"

လွန်း အသံ မာလာ၍ ဒေါသထွက်နေပြီမှန်း လမြတ်ဝါဆို သိသည်။ မျက်လုံးတွေကလည်း မဖွင့်ချင် မှေးပဲမှေးနေချင်တော့တယ်။

" လွန်း နောက်ဖေးအပေါက်ကနေ ငါ့အခန်းထဲ သွားမယ် ကူတွဲပေး အခန်းထဲရောက်မှ လွန်း ရေပတ်တိုက်ပေး "

လွန်းလည်း ပူကျစ်တောက်နေသည့် အမာရွတ် ကလေးခန္ဓာကိုယ်ကို မနိုင်တနိုင်
ဖြင့် တွဲလိုက်သည်။

" ဖြေးဖြေးလျှောက်နော် လမြတ်ဝါဆို ခေါင်းတွေမူးနေသေးလား မသက်သာရင် ကျောင်းမသွားရဘူး "

"အဆင်ပြေတယ် လွန်း "

နောက်ဖေး တံခါးမကြီးအား လော့ မချထား၍ တော်သေးသည်။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now