အပိုင်း(၁၆)

36K 3.4K 178
                                    

တစ်ဦးဆိုင် ရပ်ဝန်း

Unicode

လွန်း နောက်ကျ၍ မဖြစ်တာကြောင့် အလုပ်ကို ခပ်သွက်သွက် လျှောက်လာလိုက်သည်။

ဆေးရုံနဲ့ အလုပ်က ငါးမှတ်တိုင်ကျော်လောက်သာ ဝေးတာမို့ ကားခ လည်း လွန်း အကုန်မခံချင်တော့ပါ။

နေ့တိုင်း လမ်းလျှောက်၍သာ လွန်း သွားလေ့ရှိသည်။

အိမ်ကနေတစ်ဆင့် ဆေးရုံသို့ ကိုကြီး လင်းနေနဲ့ အတူလာဖြစ်ပြီး အပြန်ကိုတော့ လွန်း ဘာသာဖြစ်ပြန်သည်။ ကိုကြီး လင်းနေကလည်း ဆေးရုံကအပြန် အချိန်ပိုင်း အလုပ်တွေ ဝင်ရသည်။

ကိုကြီးလင်းနေရော သူရော နှစ်ယောက်လုံးက ဖြစ်ပျက်နေတဲ့ အခြေနေတွေကို နားလည်တာမို့ ပိုက်ဆံကို ရရင်ရသလို ကုန်းရုန်းပြီး ရှာနေကြရတာ။ပုံမှန်လူတစ်ယောက်အနေ
ဖြင့် ဆရာဝန်လစာက စားလောက်သော်လည်း သူနဲ့ ကိုကြီးလင်းနေအတွက်ကတော့ မပိုပိုအောင် ကပ်ပြီးသုံးစွဲနေရသည့် အနေအထားဖြစ်သည်။

သူ မသိသေးတဲ့ အကြောင်းတွေကို လွန်း ဘယ်လိုပြောပြရပါ့မလဲ။

မသိတာပဲ ကောင်းပါတယ် လမြတ်ဝါဆို ဒီအတိုင်းပဲ မင်းနဲ့ငါက ဆုံစည်းလို့ မရနိုင်တော့ပါဘူး။

" လွန်းလရိပ်ဝေး သုံးမိနစ် နောက်ကြတယ်
ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုကို လေးစားတတ်တဲ့စိတ် မရှိဘူးလား "

လွန်း ဆိုင်ထဲဝင်ဝင်ချင်း သူဌေး၏ ဆူပူသံကို စတင်ကြားရတော့သည်။လူနည်းနည်း ရှင်းနေသည့် အချိန်လည်း ဖြစ်တာမို့ သူဌေးက ပိုပြီး ဖိဟောက်နေသည့်ပုံပင်။

" ကျွန်တော် တောင်းပန်ပါတယ် သူဌေး နောက်တစ်ခါ မဖြစ်စေရပါဘူး "

ခေါင်းငုံ့ပြီးသာ လွန်း ရိုရိုသေသေ ပြန်ပြောလိုက်သည်။

" ပြောလိုက်ရင် အဲ့လိုချည်းပဲ အသုံးကို မကြဘူး သွား အလုပ်သွားလုပ်တော့ ဒီည ဆယ်နာရီ ခွဲမှ ပြန်ရမယ် မဟုတ်ရင် မင်း လစာ ဖြတ်ခံရမယ် "

" ဟုတ်ကဲ့ သူဌေး "

River က နာမည်ကြီး စားသောက်ဆိုင် တစ်ခုဖြစ်ပြီး 24နာရီ 7 ရက်ပတ်လုံး ဖွင့်ထားသော စားသောက်ဆိုင်ဖြစ်သည်။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now