အပိုင်း(၁၁)

32.8K 3.1K 89
                                    

တစ်ဦးဆိုင် ရပ်ဝန်း

Unicode

" ဗိုက်ဆာနေပြီ လား လွန်း "

ငိုမဲ့မဲ့ မျက်နှာနှင့် လွန်းက ခေါင်းငြိမ့်ပြလာသည်။

ညနေလေးနာရီ ခွဲနေပြီဖြစ်သော်လည်း မီးငယ်နှင့် ကြည်နူးသန့်စင် တို့က အခုထိပြန်မလာကြသေးပေ။

မနက်တုန်းက နေသာသလောက် အခုများတော့ဖြင့် ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေပြီး မကြာမီ မိုးရွာချမည့် သဘောရှိသည်။

" တစ်ကယ် ကြီးကို ဆာနေပြီ လမြတ်ဝါဆို "

လွန်း ဗိုက်ထဲက အူတွေတောင် လှိမ့်နေလောက်ပြီဟု ထင်ရသည်။

" အရင်ပြန်နှင့်ဆိုတာကို လွန်းရာ အခုတော့ အစာအိမ်အောင့်ရင် ဘယ်လိုလုပ်မလဲ
တောက်စ်  "

" မင်းကို ထားခဲ့ပြီး တစ်ယောက်တည်း မပြန်ချင်လို့လေ လမြတ်ဝါဆိုရဲ့ ငါ့ကို မအော်ပါနဲ့ "

" ဟာ လွန်းကို အော်တာမဟုတ်ပါဘူး ဟိုနှစ်ယောက် ကိုပါ သူတို့ကြောင့် အခုလွန်းဗိုက်ဆာနေပြီလေ "

သူ့ကိုအော်တာ ထင်နေတဲ့ လွန်းဘေးနားကပ်သွားလိုက်ပြီး မျက်နှာချင်းဆိုင်အနေအထား ဖြစ်အောင် လှည့်လိုက်သည်။

" လွန်းကို အော်တာမဟုတ်ဘူးနော် မျက်နှာလေးတော့ မညိုးလိုက်ပါနဲ့ ငါမှားတာ နောက်တစ်ခါ လွန်းရှေ့မှာ ဘာကိစ္စပဲဖြစ်ဖြစ် မအော်မိအောင် ကြိုးစားမယ်နော် "

" ပြန်ရအောင် လမြတ်ဝါဆို ရေလည်း ဆာနေပြီ မိုးဖွားလေးတွေတောင် ကျနေပြီ စိတ်မဆိုးပါဘူး ငါက မင်းအော်တော့ စိတ်မကောင်း ဖြစ်သွားတာပေါ့"

" ဟုတ်ပြီ ဟုတ်ပြီ  မိုးကာပါလား လွန်း ပါရင် တစ်ခါထဲ ဝတ်ထား နေမကောင်းဖြစ်မယ် "

လွန်း လွယ်အိတ်ထဲက မိုးကာ အဝါရောင်လေးကို ထုတ်လိုက်ပြီး အမာရွတ်ကလေးကို ဝတ်ပေးလိုက်သည်။

" မင်းဖျားလို့ မဖြစ်ဘူး လမြတ်ဝါဆို နေပြန်ကောင်းတာ တစ်ရက်တောင် မရှိသေးဘူး ငါက ဘာမှမဖြစ်ဖူး "

" လွန်း "

အစစအရာရာ ကို လွန်းက သူ့ကို ဂရုစိုက် ပေးနေတာ ဖွားဖွားလိုပဲ လွန်းက အရမ်းချစ်ဖို့ကောင်းတယ် ။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now