အပိုင်း ၂

1.2K 180 78
                                    

Unicode


" ထပ်ပြီးတော့ မင်းပဲလား.. '' ဖိတ်စင်သွားသောကော်ဖီစက်များ လက်ဖြင့်အသာသပ်ချရင်း ပြောလိုက်သည်။

" အင်း ကျမပါပဲ.. အမ်... '' ဟု ပိုင်ဝေ့ရှင်း သံယောင်လိုက်မိပြီး သူမ တိုက်မိသူအား မော့ကြည့်လိုက်တယ်။
ချီးပဲ စောက်ရမ်းချောတယ်.... ငါ့အကြိုက်ပဲ... ရှောင်းကျန့်လို နှုတ်ခမ်းအောက်မှာမှဲ့လေးနဲ့ဟ.. ..
္[ငမ်းနေ ငမ်းနေ ပါးစပ်လေးစိဦး သရေတွေကျနေပြီအမကြီး အဲ့ဒါ ဇာတ်လိုက် ကာတာရှီ ဟိုဆုဂီ]

" တိုက်မိတဲ့အတွက်တောင်းပန်ပါတယ်... ကျမ့အမက ကျမကိုထူရင်း လက်လွတ်သွားလို့ ရှင့်ကို ထိမိသွားတာပါ..''

{ ဟဲ့ ဒီမကြီးက အချောအလှကို ခံစားတတ်တာပါနော် နင်မရှည်ပါနဲ့ }

" ရတယ် ကိုယ်က မနာသွားပါဘူး... မင်းသာ နာသွားပုံပဲ.. လက်မှာသွေးတောင်ထွက်နေပြီ.. ''

" မနာပါဘူး.. အဆင်ပြေပါတယ် .. တိုက်မိတဲ့အတွက်တောင်းပန်ပါတယ်... '' ဟုဆိုကာ ကိုယ်အား ကိုးဆယ်ဒီဂရီချိုးပြီး ငုံ့လိုက်တယ်။ တဖက်လူအမြင်မှာ သူမက အရမ်းကို အားနာတတ်တဲ့အားနည်းသူတယောက်အဖြစ်မြင်စေလိုက်တယ်။

ပိုင်မီရာ သူမရှေ့မှ နတ်ဘုရားအား လုံးဝကိုကြွေဆင်းသွားလေသည်။ ပိုင်ဝေ့ရှင်းနဲ့ သူငယ်ချင်းအရင်းလိုမျိုးပြောနေသောကြောင့် အမှတ်ဝင်ယူရန် ပိုင်ဝေ့ရှင်းအား တွဲသလိုဖြင့် နှစ်ယောက်ကြားကို ဝင်ရပ်လိုက်သည်။

" ဝေ့ဝေ့ ညီမလေး သတိထားမှပေါ့.. လာလာ မမကိုတွဲထား ... ကလေးကျနေတာပဲ ရှပ်ပြာရှပ်ပြာနဲ့ကွယ်.. ဒီက အကို့ကို အားနာလိုက်တာ... ညီမလေးက အဲ့လိုပဲ ရှေ့နောက်မကြည့် မဆင်မခြင်နဲ့ လုပ်လိုက်ရင်အရမ်းပဲ ညီမလေးအစား ကျမကပဲ တောင်းပန်ပါတယ် .. ''

" ရပါတယ် .... ကိစ္စမရှိဘူး ..''

" ဘာလို့မဖြစ်ရမှာလဲ ကော်ဖီခွက်မှောက်သွားတာပဲ ပူသွားရင်ဘယ်လိုလုပ်မလဲ.. ဒီလိုလုပ်ပါလား..
ကျမကို လိပ်စာကဒ်ဖြစ်ဖြစ် ဖုန်းနံပါတ်ဖြစ်ဖြစ်ပေးလိုက်ပါလား... ''

" ရတယ်လို့ ပြောပြီးပြီလေ မင်းနားမပါဘူးလား... ပြီးတော့ ငါဝယ်လာတာ Ice coffee.. မပူဘူး... မင်းညီမလေးသာ လက်မှာဒဏ်ရာရသွားတာ... မင်း သူ့ကိုအရင်စိတ်ပူသင့်တယ်မထင်ဘူးလား... ''

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now