အပိုင်း ၁၁

1K 146 57
                                    


Unicode

 
စမ်းသပ်ချက်အောင်မြင်သွားသူများကို ကာကွယ်ရေးတပ်ဖွဲ့တစ်၏ခေါင်းဆောင်က ကိုယ်တိုင်တွေ့ပြီး...အဖွဲ့ဝင်ဖြစ်ကြောင်း ကြေညာမည်ဟုဆိုကာ ဝန်ထမ်းတဦးမှလာပြောလေသည် ။ ပိုင်ဝေ့ရှင်း ၊ ဂန်မင်ဟွန်း နှင့် ရိုစလီတို့သုံးယောက်အား မူလခန်းမကျယ်ဆီသို့ ပြန်ခေါ်သွားလေသည် ။
   
ပိုင်ဝေ့ရှင်း  လမ်းသွားရင်း ဖြူလုံးနဲ့စိတ်ထဲမှဆက်သွယ်ကာ သိချင်တာမေးရင်း...လုပ်ဆောင်ရမဲ့မစ်ရှင်ကို ဆောင်ရွက်ဖို့အတွက် တွေးတောနေလိုက်သည် ။
ဖြူလုံးရဲ့သတင်းပေးချက်အရ...ဇာတ်လိုက်ကိုယ်တိုင် အဖွဲ့ဝင်အဖြစ်တယောက်ချင်းစီ အသိအမှတ်ပြုကဒ်များအား ပေးရင်း... ပြိုင်ဝင်များအတွက် ချထားပေးသောခုံတန်းများမှ ပေါက်ကွဲသံကြားလိုက်ရပြီး အပိုင်းအစများလွှင့်လာကာ...ဇာတ်လိုက်ကိုထိမှန်သွားခြင်းဖြစ်သည် ။

မူလဇာတ်ကြောင်းတွင် ဇာတ်လိုက်မက နည်းပညာပိုင်းမှာသာ တာဝန်ထမ်းဆောင်ရသော်လည်း...ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် သင်တန်းပေးတာကိုသင်ကြားဖို့ဒီခန်းမနားကိုအမှတ်မထင်ရောက်လာရင်း... ခုံအောက်မှာချထားတဲ့အိတ်ထဲက 'တစ်ခ်တစ်ခ်တစ်ခ်' မြည်သံကိုကြားလိုက်ရခြင်းဖြစ်သည်။

ထိုနေရာနဲ့အနီးဆုံးမှာရှိနေတဲ့ဇာတ်လိုက်အား ခုန်အုပ်ကာ...ဗုံးစထိမှန်ရမဲ့ဘေးမှကယ်တင်လိုက်သဖြင့် ပိုမိုရင်းနှီးသွားကြပြီး ဟက်ပီးအန်းဒင်းအထိဖြစ်သွားကြတာပေါ့... ။ ဒီတခါတော့ သူမအလှည့်ပေါ့... ။       
 
တခဏအကြာတွင်... ခန်းမကျယ်ထဲသို့ ပြန်ဝင်ရောက်လာသောသူမတို့သုံးယောက်အား...လက်ခုပ်တီးသံများဖြင့် ကြိုဆိုနေသောကြီးကြပ်ရေးမှူးများကို တွေ့လိုက်ရသည် ။
ပိုင်ဝေ့ရှင်း နောက်သို့အနည်းငယ်ချောင်းကြည့်ရာ ခုံတန်းရှည်အောက်တွင် အိတ်တအိတ်ချထားတာကိုတွေ့လိုက်ရသည် ။ Systemမှလဲ နောက်နှစ်မိနစ်အတွင်း ဗုံးထပေါက်မည့်အကြောင်းပြောလေသည် ။

ပိုင်ဝေ့ရှင်းလဲ သူများတွေနဲ့ရောကာ ရပ်လိုက်ပြီး... ကဒ်လာပေးမဲ့အချိန်ကို ခေါင်းကိုငုံ့ရင်း...စောင့်နေလိုက်တယ် ။ ယောက်ျားစီးဒေါက်ခွာပါသောဖိနပ်သံနဲ့အတူ...ဝတ်စုံ​ပြည့်ဖြင့် လူငယ်တယောက် ခန်းမကျယ်ထဲသို့ ဝင်လာလေသည် ။ ကြီးကြပ်စစ်​​ဆေးသူများအားလုံး ထိုင်နေရာမှ ထကြပြီး... အဖွဲ့ဝင်ကဒ်ပြားများကိုင်ထားသောဝန်ထမ်းမှ ထိုလူငယ်နောက်ကပ်လိုက်ကာ ခုံတန်းရှည်နေရာတွင် တန်းစီနေသာ စမ်းသပ်ချက်အောင်မြင်သွားသူများဆီသို့ လျှောက်လာကြသည် ။
  
ပိုင်ဝေ့ရှင်း စိတ်အတွင်းထဲမှစက္ကန့်များအားရေတွက်ရင်း  ကြမ်းပြင်သို့စိုက်ကြည့်နေသော သူမရဲ့မျက်လုံးများထဲသို့ အနက်ရောင်ဖိနပ်တစုံဝင်ရောက်လာတဲ့အချိန်မှာ... စက္ကန့်ပြည့်သွားသည့်အတွက် 'ကလစ်ခ်'ဟုအသံသေးသေးလေးကြားလိုက်ရသည် ။  ပိုင်ဝေ့ရှင်းလဲ မိမိရှေ့ရှိလူသားအား ဘေးဘက်ဆီသို့ဆွဲချကာ...သူမရဲ့အသက်ကယ်မစ်ရှင်လေးကိုထမ်းဆောင်လိုက်သည် ။ 'ဝုန်း' ခနဲမြည်သံဟိန်းသွားပြီးနောက် သတ္တုနဲ့သစ်သားကဲ့သို့ အပိုင်းအစတချို့ ဟာ... လေထဲသို့ကျဲချလိုက်သလို ပြန့်ကျဲသွားသည် ။

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now