အပိုင်း ၆

1K 145 21
                                    

Unicode

နှစ်ရက်အချိန်အတွင်း ပိုင်ဝေ့ရှင်း အဝတ်အစားဝယ်တာ၊ စတိုင်အသစ်ပြောင်းတာကြောင့် သူမ အလုပ်ရှုပ်နေခဲ့သည်။ သူမရဲ့ကိုယ်ပိုင်အခန်းထဲတွင် တိုက်ခိုက်ရေးကျွမ်းကျင်မှုများကို ပြန်လည်လေ့ကျင့်နေလိုက်တယ်။ ပြီးတော့ သူမရဲ့အစွမ်းဖြစ်တဲ့စိတ်ညှို့စွမ်းရည်ကိုလဲ တိုးတက်အောင်လုပ်ရမယ် ။ စမ်းသပ်စရာတွေကတော့ ငှက်ကလေးတွေနဲ့အစေခံကောင်မလေးတွေကိုပေါ့။
သူမလိုချင်ရာကို စိတ်ညှို့စေခိုင်းရင် စွမ်းရည်ကိုသွေးနေလိုက်တယ်။ ဇာတ်လိုက်ကိုလဲသွားမစသလိုဆက်လဲမဆက်သွယ်ခဲ့ဘူး။ လူတွေ့ဖြေရမဲ့နေ့ကျ သူရှိမှာလို့ သူမလုံးဝယုံကြည်တယ် ။ ဇာတ်လိုက်မလဲ အခန်းအောင်းနေတယ်လို့ကြားတယ်။ သူ စိတ်မဝင်စားတာမို့မသိချင်ယောင်ပဲဆောင်နေလိုက်တယ်။

ပိုင်မီရာလဲ သူမရဲ့ကွန်ပျူတာကျွမ်းကျင်မှုကို ပိုမိုကောင်းမွန်စေရန်လေ့ကျင့်မှုများကို တိတ်တဆိတ်လုပ်နေသည်။ သူ ဒီကိစ္စကို ပိုင်ဝေ့ရှင်းမသိစေရန် သတိထားပြီး လုပ်နေတာဖြစ်တယ်။ သူမ သူ့ထက်ပိုပြီး ကာတာရှီနဲ့အနေနီးကပ်စေရန်အကြံဉာဏ်များလဲ စဉ်းစားနေရသေးတယ်။ ပိုင်ဝေ့ရှင်းကိုမှာထားပေမဲ့ ဒီကောင်မလေးလဲ ငြိမ်နေတာကိုသတိထားမိတယ်။ ဒါကြောင့် သူမလဲ သူမ့ရဲ့စီမံကိန်းကို ပိုင်ဝေ့ရှင်းမရှုပ်စေရန် စီစဥ်ရဦးမည်။
လူတွေ့စစ်ရင် သူမရဲ့အရည်အချင်းတွေကို တွေ့ပြီး ကာတာရှီက လေးစားတန်ဖိုးထားပြီး ချစ်သွားမယ်။ ဒါဆို သူမက Kingdom groupရဲ့ချွေးမအဖြစ်နဲ့ ဒီနိုင်ငံမှာ အချမ်းသာဆုံးမိန်းမ ကံအကောင်းဆုံးမိန်းမဖြစ်မယ်။ လူတိုင်းကအားကျကြမယ်။ အင်း တချို့မိန်းမတွေကိုတော့ သတိထားရမယ်။ တော်ကြာ သူ့ခင်ပွန်းကို လောဘလာတက်ပြီး မြူဆွယ်နေကြဦးမယ်။ (အောင်မလေးအမရယ် ဇာတ်လိုက်မအတွေးတွေကြောင့် ငါသွေးတက်😑)
ဇာတ်လိုက်မမီရာကသာ ဇာတ်လိုက်ကာတာရှီနဲ့ဘဝရှေ့ရေး အတွေးတွေဆယ်ဘဝလောက် လွန်မြောက်နေပေမဲ့ ပိုင်ဝေ့ရှင်းကတော့ ဇာတ်လိုက်ကို စိတ်ကူးထဲတောင်မထည့်ချေ။

ဒီလိုနဲ့ ပြိုင်ပွဲကျင်းပမဲ့နေ့ရောက်ရှိလာခဲ့ပြီး ပိုင်ဝေ့ရှင်း အချိန်မနီးခင် သူမနိုးလာခဲ့တယ်။ မနိုးလို့ကလဲမရဘူးလေ.. ဖြူလုံးက တောက်လျောက်နှောက်ယှက်နေတာကို။

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now