အပိုင်း ၁၉

423 51 5
                                    

Unicode


ပိုင်ဝေ့ရှင်း သူမနောက်ကို တစုံတယောက်လိုက်နေတယ်လို့ မကြာခဏခံစားနေရသည်။ လွန်ခဲ့တဲ့တလလောက်က အဲ့ဒီခံစားချက်ပျောက်ကွယ်သွားခဲ့ပေမဲ့  ယခုပြန်ခံစားနေရပြန်သည်။ အခုလဲ စာကြည့်တိုက်အတွင်းမှာ နောက်ယောင်ခံလိုက်တဲ့ခံစားချက်ရနေပြန်ပြီ။

ဒီတခါတော့  ​ခြေသံပါကြားရသဖြင့်စာအုပ်စင်တခုအား အကာအကွယ်ယူကာ ကိုယ်ကိုကွယ်ကာနေလိုက်ပြီး နောက်ကလူကိုဖမ်းဖို့ပြင်လိုက်သည်။

" နင် ဘာလို့ငါ့နောက်လိုက်..... ဟင် ယု  နင်လား?.."

"  မမလေးရယ်  အလန့်တကြားလုပ်လိုက်တာဗျာ.. ကျတော်မျိုးမှာ ရင်တောင်တုန်တယ်.."
ဟု ခပ်နောက်နောက်သံဖြင့်  ယုကီအီပြောလိုက်သည်။

" sorryပါဟာ.. ငါစိတ်ထဲမှာ တယောက်ယောက်နောက်ကလိုက်လာတယ်မှတ်လို့.."
ပိုင်ဝေ့ရှင်းကပြောရင်း...
"နေပါဦး...နင်က အသံမပေးဘဲ ငါ့နောက်ကဘာလို့လိုက်လိုက်နေတာလဲ?.."

" အော် မင်းကို မေးစရာရှိလို့ပါ.. ဒီဟာကို မြင်ဘယ်လိုမြင်လဲ..." ဟု ပြောရင်း ယုကီအီက  ဖုန်းကို ပိုင်ဝေ့ရှင်းဆီပေးလိုက်သည်။

လက်ထဲရောက်လာသောဖုန်းအား ငုံ့ကြည့်ရာ..
ဖုန်းစခရင်တွင် သူမနောက်ကို လူတယောက်လိုက်နေတာသူတွေ့ကြောင်း၊ အဲ့လူ သူမတို့နဲ့မလှမ်းမကမ်းမှာရှိကြောင်း၊ ဝိုင်းဖမ်းကြမလားဟုရေးထားတာတွေ့ရသည်။

ယုကီအီအား မော့ကြည့်ရာ  သူမကို ပြုံးပြီး ကြည့်နေသည်။ ပိုင်ဝေ့ရှင်း   ခေါင်းကို ကုတ်လိုက်ကာ..

" ဒါကတော့ မသေချာဘူး..သေချာလုပ်မှ အဆင်ပြေမှာ..ခဏလောက်တော့ထားလိုက်ပြီး နောက်မှ ဖြေရှင်းတာပေါ့.. ရိုစလီနဲ့တိုင်ပင်ကြည့်ပြီးမှ ထပ်ပြောမယ်လေ.."

" ဟုတ်ပြီ.. မင်း လိုအပ်ရင် ငါအမြဲရှိမယ်... ဒီကိစ္စက မင်းဖြေရှင်းပေးမှရမှာ..."
လို့ ယုကီအီပြောလိုက်သည်။

" ငါ အတန်းတက်စရာကျန်သေးတယ်..နောက်မှဆုံကြမယ်နော်... ယု "

" အိုကေ.. ဂရုစိုက်နော်.."

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now