Part3(uni+zawgyi

3.3K 198 12
                                    

Uni
သတ္တိအိမ်ကိုလာပြီးပြောသွားတဲ့စကားကြောင့် ကိုယ့်မှာ ဒေါသတွေထွက်နေပါတယ်ဆို သူက မိုးရေထဲပြေးလာတော့ ဘယ်လိုကဘယ်လို ဘာ်သူ့ကိုဒေါသထွက်ရမှန်းမသိဘဲ ဒီကောင်မလေးအပေါ် ပေါက်ကွဲလိုက်တော့တာ

"သမီးလေး ဘာဖြစ်လာတာလဲ ရေစိုကြီးနဲ့ ထိုင်မနေနဲ့လေ အက်ျီသွားလည်း တော်ကြာ အအေးပတ်လို့ အဆုတ်ပွနေဦးမယ် ကြီးမြကတော့ သမီးကိုကိုငယ်ငယ်က သမီးကိုဆေးတိုက်သလိုချော့တိုက်မှာမဟုတ်ဘူးနော် "
ကြီးမြက နက်ကိုစပြီးပြောလိုက်ပေမယ့် နက်ကတော့ အနာပေါ်တုတ်ကျသွားသလိုပဲ ရင်ဘက်ထဲက နာလိုက်တာ နက်အိမ်ကိုရောက်ခါစက နက်ဖျားတော့ ကိုကိုက ချီရာကမချပဲ ဆေးတောင် မဝင်ဝင်အောင် ချော့ပြီးတိုက်ခဲ့တာ

ခုတော့ နက်ဖျားလို့ ဆေးရုံတက်ရတာတောင် မသိတော့ဘူးလေ နက်ကိုဆေးချော့တိုက်ဖို့နေနေသာသာ နက်ကိုဖျားအောင်လုပ်ခဲ့တဲ့ နတ်ဆိုးကိုကိုဖြစ်နေပြီ

"အင့် ကြီးမြဟီးအီး"
အခုမှ သတိထားမိတယ် ဒီကလေးက သူ့အကိုနဲ့ပတ်သက်ရင် အထိမခံလေးပါဆို ကိုယ်ကပါ သွားပြီး စကားသွားစမိပြီ
ငိုချင်လျက်လက်တို့လေးကို သွားစမိပြီ

"အို ကလေးရယ် ဘာလို့ငိုနေတာတုန်းကွယ် မငိုနဲ့တော့တိတ်တိတ် နက်လေးကိုကြီးမြက စတာနော် သွားရေချိုးအဝတ်အစားလဲ ပြီးရင် ကြီးမြ နက်အတွက် ဟိုနေ့ကဝယ်လာတဲ့ ဆေးဘဲဥသုပ်ကျွေးမယ်နော် ထထ မငိုနဲ့ တော့"

အတင်းချော့ပြောတော့မှ မထချင်ထချင်နဲ့ ရေချိုးခန်းထဲ ဝင်သွားတဲ့ကလေးလေးကိုကြည့်ပြီး စိတ်ထဲမကောင်းဖြစ်ရုံကလွဲပြီး သူလည်းဘာမှမတတ်နိုင်ဘူး

ထမင်းစားခန်းထဲမှာ နက်လေးကြိုက်တယ့် ဆေးဘဲဥသုပ်လေးသုပ်နေတုန်း
"ကြီးမြ ဘာချက်နေတာလဲ သားထမင်းစားတော့မယ် မပြီးသေးဘူးလား"
ကိုယ့်တူလေးပေမယ့် နက်လေးကို ထိခိုက်စေတာတော့ တကယ်ကိုမကြိုက်တာကြောင့် သားခန့်ကိုတော့ နဲနဲဆုံးမဦးမှ
"သားကြီးရယ် နက်ကိုအဲ့လောက် မပြောပါနဲ့လား ကလေးခမျာ~"
"ကြီးမြဘာသိလို့လဲ သူက ကလေးမဟုတ်တော့ဘူး ရည်းစားတောင်ထားတတ်နေပြီ"
"ဘယ်လို မဟုတ်တာ ကြီးမြလည်းမကြားမိပါလား"
"သူကတော့ကြီးမြကို သူ့မှာရည်းစားရှိနေပြီလို့ပြောမလား ပြီးတော့ သူကြိုက်နေတာလဲ သတ္တိနဲ့တဲ့လေ"
"ဘယ်လို သားကြီး သတ္တိနဲ့ ဟုတ်လား မဖြစ်နိုင်တာ သတ္တိက သားညီလေ နက်နဲ့သတ္တိကလည်း မောင်နှမတွေလေ ဘယ်လိုလို့ဖြစ်နိုင်မှာလဲ"
"ဖြစ်နိုင်လို့ပဲ သတ္တိက အိမ်ကိုလာပြီးပြောသွားတာ တောက် ကျွန်တော်တို့မှာတော့ သူ့ကို မိသားစုဝင်တစ်ယောက်လို သဘောထားခဲ့တာကို သူက သတ္တိနဲ့မှ တောက်"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now