Part29(uni+Zawgyi)

2.4K 124 21
                                    

Uni

အိပ်ယာကနိုးတော့ တစ်ခုခုက တပ်ဖိထားတဲ့အတွက် ကိုယ်ကလှုပ်မရ
မျက်လုံးဖွင့်ကြည့်တော့ ကိုကို
ကိုကို့လက်တွေက နက်ကိုဖိထားတာ
နက်လည်း မရမကလှုပ်လိုက်တော့ ကိုကိုပါနိုးလာတယ်

"ကိုကိုနိုးသွားတာလား ကန်တော့နော် အာဟုတ်ပါဘူး sorry sorry ကိုကိုအိပ်ရေးပျက်ရပြီ"

"မင်းအားနေ အဲ့တာပဲပြောတတ်တာလား
နိုးရင်လည်းထတော့လေ "

"ဟုတ် ကိုကိုဖယ်ပေးဦးလေ "

ခန့်ထယ်ဝါခုထိ နက်ကိုဖက်အိပ်ထားတာ မလွတ်ရသေးဘူး

နက်ပြောမှသတိရပြီး ရှက်ကိုးရှက်ကန်းနဲ့လွှတ်ပေးလိုက်တယ်

"ညကမင်းအအိပ်ကြမ်းလို့ကုတင်ပေါ်ကပြုတ်ကျမှာစိုးလို့ငါက ထိမ်းပေးထားရတာ ဟမ်း"

"ဟုတ် ဟုတ် နက်တောင်းပန်ပါတယ်"

ပြောပြီး အခန်းထဲကထွက်သွားတဲ့တစ်ယောက်ကိုကြည့်ပြီး ကျန်ခဲ့တဲ့တစ်ယောက်ရဲ့ ရင်ထဲဘာတွေခံစားနေရလဲတော့ သူကိုယ်တိုင်သာသိလိမ့်မယ်(သာသာလည်းမသိဘူးနော်😁)

.....

"Morning ဖေဖေ အစောကြီးနိုးနေတာလား"

"ဟုတ်တယ်သားရဲ့ သားတို့လိုလူငယ်မဟုတ်တော့လဲ ပျော်တစ်ဝက်နိုးတစ်ဝက်ပါပဲကွာ လာသား နက်ကြော်ထားတဲ့ထမင်းကြော် ကြီးမြကတော့ အစောကြီးထဲက စားပြီ ဘုရားဘက်ကိုထွက်သွားလေရဲ့ "

"ဟုတ်ကဲ့ဖေဖေ နက်ရော"

"သူလည်းပါသွားတယ် သားတို့ရှိနေတော့ ကြီးမြလည်း ဖေဖေ့ကိုစိတ်ချတယ်ထင်တယ် ဘုရားအေးအေးဆေးဆေးသွားမယ်တဲ့လေ သားဒီနေ့ အလုပ်မသွားရဘူးမလား စနေနေ့ဆိုတော့"

"ဟုတ်ကဲ့ဖေဖေ မသွားရဘူး သားတို့တောင် ဒီနေ့ပြန်ကြတော့မလားလို့ "

"ဟင် ဟုတ်လား "

"ဟုတ် ဖေဖေ သားတို့အိမ်မှာလည်း ပစ္စည်းတစ်ချို့ဝယ်ထည့်ရမှာနဲ့ ပြီးတော့ နက်အတွက်လည်းမီးဖိုချောင်ပစ္စည်းတွေက သိပ်စုံစုံလင်လင်မရှိသေးဘူးဆိုတော့ ပြန်ကြမလားလို့ "

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now