Part22(uni+zawgyi)

2.9K 120 21
                                    

Uni

📲📲📲📲📲

"ဟယ်လို ဖေဖေနေကောင်းလားဖေဖေ "

"အေးသား နေကတော့ကောင်းတယ်လည်းမဟုတ် မကောင်းဘူးလည်းမဟုတ်ပါဘူးကွာ"

"သားတို့ ဖေဖေ့ကိုသတိရလို့ အိမ်လာလည်မလို့ဖေဖေ"

"အေးသား ဖေဖေလည်း သားတို့သမီးတို့ကို အရမ်းသတိရနေတာ လာခဲ့ကြလေ "

ဖေဖေတို့အိမ်ကိုမသွားခင် အိမ်ပြန်ပြီး မနေ့ကဝယ်ထားတဲ့ ရေခဲမုန့်တွေ သွားယူရဦးမယ်လေ

အိမ်ကိုပြန်ရောက်တော့

"ပုလဲနက် မင်းအဝတ်အစား
နဲနဲထည့်ပြီး ထွက်လာခဲ့
ငါ့အဝတ်အစားတွေရောနော်"

ပုလဲနက် ခေါင်းငြိမ့်ပြီး အခန်းထဲဝင်သွားတယ်

ခန့်ထယ်ဝါလည်း ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ ရေခဲမုန့်တွေကို ထုတ်ပြီး ကားနောက်ခန်းထဲထည့်လိုက်တယ်

ပုလဲနက်ကို ကားထဲကပဲစောင့်နေလိုက်တယ် မကြာခင်ပဲ အထုတ်လေးနှစ်ထုတ်နဲ့ ကျောပိုးအိပ်လေးကိုမနိုင်တစ်နိုင်သယ်ပြီး ထွက်လာတဲ့ နက်ကိုမြင်တော့ ကားနေညက်ခန်းတခါးကို အဆင်သင့်ဖွင့်ပေးလိုက်တယ်

ပုလဲနက် ကားနောက်ခန်း အဝတ်တွေထည့်ပြီးတော့ ရှေ့ခန်းထဲ လာထိုင်တယ်
ခန့်လည်း နက်ကို နောက်ခန်းက ရေခဲမုန့်ထုတ်ကိုလှမ်းယူပြီးသူ့ပေါင်ပေါ်တင်ပေးလိုက်တယ်

"ရော့ မင်းအတွက်"

"ကိုခန့် ဘာတွေလဲ"

"အော် ရေခဲမုန့်တွေပါ"

"ဟင် ရေ ရေခဲမုန့်ဟုတ်လား ဘာ ဘာလို့လဲ ဘာလို့ယူလာတာလဲ"

"ဟာ မင်းပဲ မနေ့က စားမယ်ဆို ငါမနေ့က မင်းအတွက်ဝယ်ထားတာလေ မင်းမှမနိုးတာ အဲ့ဒါကြောင့်ခုမှကျွေးရတာ"
ခန့်ကပြောပြီး နက်ဘက်လှည့်ကြည့်လိုက်တော့ ကလေးမက ချွေးစီးချွေးပေါက်တွေကျပြီး အသားတွေပါတုန်နေတာတွေ့တော့

"ဟေ့ နက် နက် ဘာဖြစ်လို့လဲ"

"........"

"နက် နက်ဟေ့ နက်လို့"

သူခေါ်နေပေမယ့် ဘာတွေကြောက်နေမှန်းမသိတဲ့ကောင်မလေးက မျက်ရည်တွေပါကျနေပြီ ခန့်လည်းကားကို လမ်းဘေးချရပ်လိုက်ပြီး နက်ပုခုံးလေးကိုကိုင်ပြီး သူ့ကို ကိုယ်ဘက်လှည့်လာအောင် လုပ်လိုက်တယ်

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now