Part47(uni+zawgyi)

2.5K 106 21
                                    

Uni
"ဟေ့ကောင် "

ခန့်မေးတာကို စနေသွေးတစ်ယောက် မဲ့ပြုံးလေးပြုံးပြီး

"ဒီမှာ ကိုခန့် ဧည့်သည်ဆိုတာ အိမ်ရှင်မကြိုဆိုပဲ ဘယ်လိုလို့အိမ်ထဲထိဝင်လာနိုင်မှာလဲဗျ"

"အေး ငါကဒီအိမ်ရှင် မင်းကိုငါမကြိုဆိုဘူး ခုပြန်"

"ဟ ကိုခန့်ကလည်း ဒီအိမ်ရှင်က ခင်များတစ်ယောက်တည်းမှမဟုတ်တာ Black လဲပိုင်တာပဲ Black ခေါ်လို့ကျွန်တော်ရောက်လာတာ"

"ဘာ တောက်"

ခန့်ထယ်ဝါ ဒေါသတွေအစွမ်းကုန်ထွက်ပြီး အိမ်ထဲဝင်လာလိုက်တယ်

'ဒီမိန်းမ စနေသွေးဆိုတဲ့ကောင်ကို အိမ်ထဲတောင် ဖိတ်ခေါ်ထားသေးတယ်ပေါ့လေ ကိုယ့်မှာတော့ သူ့ကိုစထားပြီးသူကြောက်နေမလားဆိုတဲ့ အတွေးနဲ့ အမြန်ပြန်လာတာ ဒင်းက ခုတော့ '
"ဟင်"

"မောင်ခန့်ထယ်ပြန်လာပြီလား ကြာလိုက်တာကွယ် အန်တီတို့တူဝရီးတောင် ခုပဲပြန်ကြတော့မလို့"

"ဟင် အော်အန်တီ နေကောင်းလား"

ခန့်တွေ့လိုက်တာ စနေသွေးရဲ့ အဒေါ်ဖြစ်သူနဲ့ နက်ဧည့်ခန်းထဲမှာ ထိုင်နေရင်း သွေးအဒေါ်က ခန့်ကိုတွေ့လို့ လှမ်းနုတ်ဆက်တာဖြစ်တယ်

ခန့်လည်းကြောင်အအနဲ့ ပြန်နုတ်ဆက်လိုက်တော့

"အေး မင်းမိန်းမအရမ်းကြောက်နေတာကွယ့် တော်သေးတာပေါ့ အန်တီတို့နဲ့ တွေ့လို့ မဟုတ်ရင် ကားတိုက်ခံရပြီ"

"ဗျာ"

အမှန်က ခန့်ဆီကဖုန်းရပြီး နက်ကြောက်ကြောက်လန့်လန့်နဲ့ အိမ်ထဲကနေပြေးထွက်ခဲ့တာဖြစ်ပြီး လမ်းပေါ်အရောက် စနေသွေးတို့ တူဝရီးကားနဲ့ တွေ့လို့ နက်ကိုအိမ်ပြန်ခေါ်လာခဲ့တာဖြစ်ကြောင်း ရှင်းပြလိုက်တော့

ခန့်တစ်ယောက် နက်ကိုကြည့်ပြီးသနားသွားတယ်

ဒါပေမယ့် နက်ကတော့ ဘာမှပြောဘဲ ငုတ်တုပ်လေးထိုင်နေတုန်း

စနေသွေးတို့တူဝရီးပြန်သွားတော့ ခန့်လည်း နက်ထိုင်နေတဲ့ နားသွားကာ

"နက်"

လို့ခေါ်လိုက်တော့ ခန့်ကိုမော့ကြည့်လာတယ် ပြီးတော့ မျက်ရည်တွေကျလာပြီး ခန့်ကိုဖက်ကာငိုတော့တာပဲ

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now