Part10(uni+zawgyi)

2.8K 103 31
                                    

Zawgyi
နှင်းဖြူစင် မောင့်ကိုသိပ်ချစ်တယ်
မောင့်ရဲ့ပိုင်ဆိုင်မှုတွေနဲ့ မောင့်ရဲ့ အရည်အချင်းတွေက နှင်းကို ရူးသွားလောက်စေပေမာ့် တကယ်တန်း မောင်ဘာမှ မပိုင်ရင်တောင် ခန့်ထယ်ဝါဆိုတဲ့ မောင့်ကိုသိပ်ချစ်နေသေးတာ

"သမီး ဖေဖေအပြတ်ပြောမယ်နော်
သမီး ခန့်ထယ်ဝါကို ခုတည်းက ပြတ်ပြတ်သားသားဖြစ်အောင် အသိပေးထား ဒီကိစ္စမှာ သမီးပျော့ညံ့နေလို့ မရဘူ"

"ဟုတ်ကဲ့ပါဖေဖေ သမီးမောင့်ကို သေချာလေး အဆင်ပြေအောင် ပြောပြထားလိုက်ပါ့မယ် ဒါပေမယ့်ဖေဖေ~"

"သမီး သမီးလည်းဖေဖေတို့အခြေအနေက်ုသိပြီးသားပဲလေ ခုချိန်မှာ T Group ကသာလျှင်ဖေဖေတို့အတွက် လွတ်မြောက်ရာလမ်းပဲငမီး"
"သမီးသူ့ကိုတကယ်ချစ်တာပါဖေဖေ"
"ချစ်တာမချစ်တာက သမီးအပိုင်း ခုဖေဖေတို့ အတွက် ခန့်ထယ်ဝါကို အသုံးချရမှာပဲ ဖေဖေတသက်လုံး တဘဝလုံး ရင်းနှီးခဲ့တဲ့ ဒီကုမ္မဏီကို တော့ ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူးသမီး"
"စိတ်ချပါဖေဖေ သမီးကြိုးစားပါမယ်"
နှင်းဖြူစင်တို့မိဘတွေ ပိုင်ဆိုင်တယ့်
ဆောက်လုပ်ရေးလုပ်ငန်းက မသေးပေမယ့် ခုချိန်မှာတော့ ရိုင်နဲ့နဲ့ဖြစ်နေပြီ
အကြောင်းကတော့ သူတို့ လုပ်ငန်းကို ထောင်ခြောက်ဆင်ပြီး ပျက်စီးအောင်လုပ်ခဲ့ကြတယ်

ဆောက်လုပ်ရေး ကန်ထရိုက်အကြီးကြီးတသ်ခုရခဲ့တဲ့ အတွက် အရင်းအနှီးမလောက်လို့ အိမ်တောင် အပေါင်ထားပြီး ရင်းနှီးထားခဲ့တဲ့အတွက် လုပ်ငန်းက လျှော်ရတော့မယ်လည်းဆိုရော အခြေအနေအားလုံးရှုပ်ထွေးကုန်ရောပေါ့

ခုတော့ လကုန်ရင် အိမ်ပေါ်ကပါဆင်းပေးရမယ့် အခြေအနေကိုတောင်ရောက်နေပြီ
ဒါကြောင့် နိုင်ငံခြားမှာ MBAထပ်တက်နေတဲ့သမီးကိုအမြန်ပြန်ခေါ်ပြီး ခန်ထယ်ဝါနဲ့ပေးစားဖို့လုပ်ခဲ့တာပေါ့

သားမတ်ဖြစ်မယ့်သူကလည်း တော်ယုံ အကြောတင်းပုံ မဟုတ်တာ မနေ့ကတည်းက ဦီးဝသုန်သိပြီးသွားခဲ့တာ
ကိုယ်လွှမ်းမိုးလို့ ရမယ့် ထဲမပါတာ သိသာနေပြီလေ

ခုသမီးကို အကဲခပ်တော့လဲ သူ့ချစ်သူကို သူနိုင်ပုံမရ နောက်ဆုံးတော့ ကိုယ်ကပဲတစ်ထစ်လျှော့ပြီး နေပေးရတော့မှာပဲ

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now