Uni
ကြီးမြအိမ်ပေါ်ကနေဆင်းလာတော့ ခြံထဲမှာ တစ်ယောက်နဲ့ တစ်ယောက်ဖက်ပြီးငိုနေတဲ့ လင်မယားကိုကြည့်ပြီး တစ်မျိုးတော့စိတ်ချသွားတယ်
"ကြီးမြ အင့် ဟင့်"
နက်ကငိုပြီး ကလေးလေးလိုကြီးမြကို ဖက်ပြီးငိုနေတယ်
"ကွယ် နက်ကလည်း ကလေးလေးလား
ကြီးမြက သမီးကို မခွဲနိုင်အောင်လုပ်နေတာပေါ့လေဟုတ်လား ဟင်းဟင်း"နက်က ကြီးမြကိုဖက်ထားတာမလွှတ်ပဲ ခေါင်းခါပြတယ်ပြီးမှ
"ကြီးမြစိတ်ချနော် နက်
နက်လေ လိမ်လိမ္မာမာနေမယ်နော် နက်ကိုစိတ်ချနော် ဟီးအီး"ကြီးမြကနက်ကြောလေးကိုပုတ်ပြီး ခေါင်းငြိမ့်ပြတယ်
"ကဲ ကဲ ကြီးမြသွားတော့မယ် အိမ်ကတော့ သားတို့ အဆင်ပြေတဲ့အိမ်မှာနေကြနော်
ကြီးမြကတော့ သားတို့နှစ်ယောက်လုံးကိုစိတ်ချပြီးသားမို့ ဘာမှမပူတော့ဘူးနော်""ဟုတ်ကဲ့ပါကြီးမြ"
နက်ကလည်းခေါင်းလေးငြိမ့်ပြတယ်
ကြီးမြထွက်သွားတော့ နက်က အိမ်ထဲပြန်ဝင်သွားပြီး သု့အခန်းထဲဝင်ကာငိုနေပြန်ပြီလေ
ဖေဖေဆုံးတဲ့နေ့တည်းက နက်ကကြီးမြနဲ့ သွားအိပ်တာ ညဘက်နက်ကိုယ်လေးကိုလွမ်းခဲ့ရတာနဲ့ ခန့်တော်တော်ကိုအိပ်မပျော်ခဲ့ရပါဘူး နက်ရော သူ့လိုခံစားရပါ့မလားမသိ
ညနေလောက်ရောက်တော့ မျက်လုံးလေးအစ်နေတဲ့သူမက အခန့်အလုပ်လုပ်နေတဲ့ဧည့်ခန်းကိုဝင်လာပြီး ခန့်ကိုကြည့်ကာ
"ကိုခန့်ထယ်ဝါ ကျွန်မရှင်နဲ့စကားပြောစရာရှိတယ်"
ခန့်laptop ကိုကြည့်နေရာက နက်ဘက်ကိုလှည့်လိုက်ပြီး သူပြောမယ့်စကားကို အာရုံစိုက်လိုက်တယ်
"ကျွန်မကို ကွာရှင်းပေးပါ ဖေဖေလည်းဆုံးပြီ ကြီးမြလည်းမရှိတော့ဘူး
ရှင်လည်းဆက်ပြီးကျွန်မကိုဟန်ဆောင်
ချစ်ပြနေစရာမလိုတော့ဘူးလေ အဲ့တော့""တောက်"
ခန့်ရဲ့တောက်ခေါက်သံက တိုက်တစ်တိုက်လုံးဟိန်းသွားတယ်
YOU ARE READING
တစ်ချက်လေး စောင်းငဲ့ကြည့်ဦး
Randomမင်းက ငါ့အချစ်တွေနဲ့ မထိုက်တန်တဲ့မိန်းမပဲ ငါမင်းကို မင်းသေသွားရင်တောင် ပြန်ချသ်မှာမဟုတ်ဘူး ခန့်ထယ်ဝါ ကိုခန့်ဘယ်လောက်မုန်းမုန်း နက်နားကမထွက်သွားပါနဲ့နော် နက်က ကိုခန့်မရှိရင် သေမှာ ပုလဲနက်