Uni
"ပုလဲနက် ခုချက်ချင်း အခန်းထဲဝင်စမ်း"
နက် ကိုကို့အသံကြားတော့ လှည့်ကြည့်လိုက်ပေမယ့် သတ္တိဘက်ကိုပြန်ကြည့်ပြီးထပ်ရိုက်ဖို့လုပ်နေလို့"ကြီးမြ နက်ကိုခေါ်သွားပေး "
ခန့်ထယ်ဝါရဲ့ ဒေါသကိုသိနေတဲ့ကြီးမြကတော့ နက်ကိုလက်ဆွဲပြီး ခေါ်ဖို့လုပ်နေတယ်
"ကြီးမြဖယ် နက်ဒီကိစ္စကို ဒီအတိုင်းမပြီးလိုက်နိုင်ဘူး နက်ကို သက်သက် စော်ကားတာ သူ့ကိုနက် မကျေနပ်ဘူး"
"ဖြန်း"
ခန့်ထယ်ဝါ ကိုယ့်ကိုကိုယ်တောင်မရုံနိုင်ဘူး ခုသူက ပုလဲနက်ပါးကိုရိုက်လိုက်တာတဲ့လေ
ပုလဲနက် ကိုယ်လေးတစ်ပတ်လည်သွားပြီး ကြီးမြရင်ခွင်ထဲရောက်သွားတယ်ပြီးမှ ခန့်ကို မယုံနိုင်တဲ့မျက်လုံးလေးနဲ့ကြည့်ပြီး ငြိမ်ကျသွားတယ်
"လာပါ နက်ရယ် နော် အခနခးထဲပြန်ရအောင်နော်"
ကြီးမြက တွဲခေါ်သွားတော့ အလိုက်သင့်လေး ပါသွားတယ်နက်နဲ့ ကြီးမြထွက်သွားတော့မှ တိတ်စတ်နေတဲ့ အခန်းလေးကို ပြန်ပြီးအသက်ဝင်အောင် ခန့်စကားစလိုက်တယ်
"နှင်းရယ် နှင်းရောက်လာတဲ့နေ့မှပဲ မောင်တို့က ပြဿနာနဲ့ကြိုသလိုဖြစ်တော့တယ် ကဲ သတ္တိဒါဘယ်လိုဖြစ်ကြတာလဲ ပြောစမ်းပါဦး ""ကိုခန့်ရာ သမီးရည်းစားပဲ စကားများတာစမ်းလို့လား "
"စမ်းတယ်ကွ ခုကိစ္စက မင်းကို နက်ကရိုက်လောက်အောင်အထိ မင်းသူ့အပေါ်ဘာတွေလုပ်ထားလို့လဲ"
ခန့်မေးလိုက်တဲ့စကားကြောင့် နှင်းအံ့သြသွားတယ် ရိုက်ခံရတာက သတ္တိလေ ခုသတ္တိက ဆူခံနေရတာလား
"နက်က သူ့ကိုလက်ထပ်ခိုင်းနေတာ ကျွန်တော်က ခုလက်မထပ်သေးဘူးလို့ပြောလို့ စိတ်တိုပြီး ထရိုက်တာပါဗျာ"
ခန့်ဒေါသတွေ သတ္တိဆီကနေပြီး နက်ဆီပြန်ရောက်သွားတယ်"သူက မင်းကို အဲ့လိုပဲပြောတာသေချာလား"
နှင်းရင်ထဲမှာတော့ တစ်ခုခုလွဲနေတာသိလိုက်ပြီ ဟိုကပြောတာကို မောင်က သူ့ညီမဘက်က မသေချာမှာဆိုးလို့မေးနေသေးတယ်
"အင်းပေါ့ သူက ကျွန်တော့်ကို တော်တော်ကြွေနေပြီဗျ ခုလည်း တစ်နှစ်စောင့်ဦးလို့ပြောလိုက်တာနဲ့ ငိုယိုပြီး တောင်းပန်သေးတယ် မရတဲ့ အဆုံး သူဒေါသထွက်ပြီး ထရိုက်တာ"
YOU ARE READING
တစ်ချက်လေး စောင်းငဲ့ကြည့်ဦး
Randomမင်းက ငါ့အချစ်တွေနဲ့ မထိုက်တန်တဲ့မိန်းမပဲ ငါမင်းကို မင်းသေသွားရင်တောင် ပြန်ချသ်မှာမဟုတ်ဘူး ခန့်ထယ်ဝါ ကိုခန့်ဘယ်လောက်မုန်းမုန်း နက်နားကမထွက်သွားပါနဲ့နော် နက်က ကိုခန့်မရှိရင် သေမှာ ပုလဲနက်