Part12(uni +zawgyi)

2.7K 122 19
                                    

Uni
​"ဖေဖေ ပြန်လာတာ ဘာလို့ မပြောတာလဲ သားလာကြိုမှာပေါ့ဖေဖေရယ် "
ခန့်ထယ်ဝါကသာ သူ့အဖေကိုပြောနေတာ ဦးဂုဏ်မန်ထယ်ဝါက သားဖြစ်သုကိုမကြည့်ဘူး

"သမီးလေးရယ် ဘာလို့ အဲ့လောက်တောင် နှိပ်စက်ခံလာရတာလဲ သက်ဦးပြောတုန်းက ဖေဖေဘယ်လောက်တောင် စိတ်ပူခဲ့ရလဲ ကဲထ ဒါဏ်ရာတွေရောဆေးထည့်ပြီးပြီလားသမီးလေး"

"​ဖေဖေရယ် သမီးဘာမှမဖြစ်ပါဘူး
နာလည်းမနာပါဘူး ဖေဖေကိုတွေ့ရတာနဲ့တင် တော်ပါပြီ"
"မောင်လေး ငါတို့ စကားခဏပြောရအောင်"
ကြီးမြက ဖေဖေ့ကို အခန်းထဲခေါ်သွားပြီးစကားပြောနေတော့ ခန့ထယ်ဝါ ပုလဲနက်နဲ့ ဧည့်ခန်းထဲမှာနှစ်ယောက်တည်းကျန်ခဲ့တယ်

ကိုကိုက နက်ရှေ့တည့်တည့်မှာထိုင်ပီ့း နက်ကို မျက်တောင်တစ်ချက်မှမခပ်ပဲကြည့်နေတာ နက်နေလို့တောင် မတက်တော့ဘူး ကိုကို့ အရင်တည်းက ကြောက်ပါတယ်ဆို မျက်ထောင့်ကြီးနဲ့ ကြည့်နေတာကြောင့် ထလည်းထွက်မသွားရဲဘူး ဒူးတွေလည်းတုန်နေပြီ
"အဲဒါ ဘာဖြစ်နေတာလဲ ငါနင့်ကို ဘာလုပ်နေလို့ လာတုန်အောင်ကြောက်ပြနေတာလဲ ဟန် ပြောလေ"
ခန့်စိတ်မရှည်တော့ဘူး မသိရင် ကိုယ်ကဘဲသူ့ကို ဒီဒါဏ်ရာတွေ ဖြစ်အောင်လုပ်ခဲ့သလိုပဲ
"မ မဟုတ်ပါဘူး နက် နက် "
"နင်ငါ့ကို အဲ့လောက်တောင်ကြောက်နေရင် ဘာလို့ သတ္တိနဲ့ ကြိုက်လဲ ဟွန့် မပြောလိုက်ချင်ဘူး ငါနော် လုပ်လိုက်ရ"

ပြောနေရင် စိတ်ကမရှည်လာတော့ လက်ကရွယ်ပြီးသား

ခန့် ခေါင်းခေါက်ဖို့ လက်ရွယ်လိုက်တယ်ဆိုရင်ပဲ သူ့ခေါင်းကိုလက်လေးနဲ့ အုပ်ပြီး မျက်လုံးလေးမှိတ်လိုက်တာ တကယ့် ကလေးလေးလိုပဲ ဒါနဲ့များ ရည်းစားထားပြီး အာခံချင်သေးတယ်

"ဟဲ့ သားကြီး အော် မလုပ်ပါနဲ့ ကွယ် ကလေးကို ကြီးမြပြောထားတာတောင် မကြာသေးဘူး သွား သွား သားဖေဖေခေါ်နေတယ် စကားပြောစရာရှိလို့တဲ့ "

"ဟုတ်ကဲ့ ကြီးမြ"
သူတကယ်က ရွယ်သာရွယ်လိုက်တာပါ တကယ်လုပ်ဖို့လဲ မရည်ရွယ်ထားပါဘူး
ကြီးမြပြောတော့ ဖေဖေ့ အခန်းထဲ ဝင်သွားလိုက်တယ်
"ဖေဖေ ကျွန်တော်ရောက်ပြီ"
"အေး သား ဖေဖေမင်းကို ပြောစရာရှိတယ် ခု ပြောမယ့်ကိစ္စကို သေချာနားထောင်ပေး ပြီးတော့ မင်းဆီက ငြင်းတဲ့ စကားကို မကြားချင်ဘူးနော် "
"ဖေဖေ ဘာပြောမလို့လဲ ပြောပါဖေဖေ"
.........
"ကို မေ့ကိုနဲနဲပါးပါး ရှင်းပြပါဦး ခုဘာလို့ပြန်လာတာလဲ"
"ဒီမှာ သက်ထားမေ မင်းရဲ့ အကြံအစည်အားလုံးကို ငါ ကိုဂုဏ်မာန့်ကို အားလုံးပြောပြလိုက်ပြီ"
"ဘာ ဘယ်လို "
"ဟုတ်တယ် မင်းပြောတော့ ငါရဲ့ အသည်းက ကိုဂုဏ်မာန်ကို လှူလို့ရတယ်ဆို ဟိုရောက်တော့ ဘာမှ မတူလို့ လှူလို့လုံးဝမရဘူးတဲ့ မင်းကွာ မင်းတော်တော်လောဘတက်တာဘဲ"
ဦးဂုဏ်ကို အသည်းအစားထိုးဖို့ လူှာနေတာကို သက်ထားမေ သတင်းကြားတော့ သူ့ယောက်ျားနဲ့ သွေးချင်းရော တစ်ရှူးချင်းရောတူပါတယ် ဆိုပြီး အတင်းအစားထိုးဖို့ နိုင်ငံခြားလိုက်သွားခိုင်းတာ
သူမ အကြံက အစားထိုးလို့ရခဲ့ရင် ဦးဂုဏ်ဆီက စီးစိမ်တွေကို တောင်းယူဘို့ လုပ်ခဲ့တာ မရလည်း နက်ရဲ့ပိုင်ဆိုင်ခွင့်တွေကို ထိမ်းချုပ်ပြီး အတွင်းပစ္စည်းအားလုံးသူမသာလျင် လက်ဝါးကြီးအုပ်ထားမယ်ပေါ့
ဒါကြောင့် နက်ကိုခေါ်ပြီး သဘောတူကြောင်း အတင်း လက်မှတ်ထိုးခိုင်းခဲ့တာ
နောက်ဆုံးမရရင်တော့ သားကို ပုလဲနက်နဲ့ပေးစားပြီး အမွေတစ်ဝက် ရအောင်ကိုယူမှာ သူ့အကြံနဲ့သူကတော့ ဟုတ်နေတာပဲ
ခုတော့ သူ့အကြံတွေ အကုန်လုံး ဦးဂုဏ်မာန် သိသွားပြီဆိုတော့
"ကို့ ကိုမေ့ကိုသေအောင်လုပ်နေတာလား"
"အေး မေ မင်းကို ငါ ချစ်ပေမယ့် မင်းဒီလောက်ထိ ယုတ်မာမှာကိုတော့ ငါခွင့်မပြုနိုင်ဘူး မင်းအကြံအကုန်လုံးကို ငါသိနေခဲ့ပေမယ့် ငါမင်းကို ဘာမှ မပြောခဲ့တာက မိန်းကလေးဖြစ်တဲ့မင်း ပစ္စည်းဉစ္စာမက်မောတာ သဘာဝပဲမို့ ငါမတားခဲ့တာ
အေး ခုတော့ တားရတော့မယ် မင်းတရားလွန်လွန်းနေပြီ"
"ကို ရှင် သိပ်လွန်လာပြီ"
.............
"မင်းနဲ့သမီးကို လက်ထပ်ပေးမယ်"
"ဘယ် ဘယ်က သမီးလဲ"
"ပုလဲနက်နဲ့ မင်းနဲ့ ဒီတစ်ပတ်အတွင်းလက်ထပ်ရမယ်"
"ဖေဖေ ပုလဲနက်နဲ့ ဘယ်သူ"
"ဟာ မင်းတော့ ခန့်ထယ်ဝါဆိုတဲ့ မင်းနဲ့ ပုလဲနက်ဆိုတဲ့ သူနဲ့ နောက်တစ်ပတ် မဂ်လာဆောင်ရမယ် ဒါပဲ"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now