Part21(uni+zawgyi)

2.8K 109 15
                                    


Uni

"မင်းက ဘာမို့လို့ ပုလဲနက်အကြောင်း သိနေတာလဲ"

"ဟားဟားဟား ပုလဲနက် ရေခဲမုန့်မစားနိုင်တာ သူ့နားကလူအားလုံးသိတယ် ကျုပ်က နက်ကိုချစ်နေတဲ့သူပဲ သိတာဘာဆန်းလဲ

ခင်ဗျားသာ သူ့ယောက်ျားဖြစ်ပြီး~"

"ဘာပြောတယ် မင်းက နက်ကို ဟုတ်လား
နက်ကခုချိန်မှာ ငါ့မိန်းမနော် မင်းစကားပြောတာကြည့်ပြော"

"ခင်ဗျားမိန်းမ ဟုတ်လား ခင်ဗျားကရော နက်ကဂရုစိုက်လို့လား ခုတောင် နက်အတွက်ဆိုပြီး ရေခဲမုန့်လာဝယ်တာဟုတ်လား ကျုပ်ယုံအောင်လည်းပြောပေါ့ဗျာ ဟားဟားဟား"

!ခွပ်!

ခန့်ထယ်ဝါ စနေသွေးမျက်နှာကို လက်သီးနဲ့ထိုးလိုက်တယ်

"နောက်တစ်ခေါက် မင်းအဲ့စကားပြောရဲပြောကြည့် ငါနဲ့တွေ့မယ်"

ခန်ထယ်ဝါ ရေခဲမုန့်ဖိုးပေးပြီး အိမ်ကိုပြန်လာပေမယ့် အပြန်လမ်းမှာ ဒေါသတွေသာထွက်နေခဲ့တယ်

"တောက် "

တောက်ခေါက်နေတာလည်း ခဏခဏပဲ
ပုလဲနက်ကို ဒီအိမ်မှာထားလို့တော့မရတော့ဘူး မဟုတ်ရင် ဒီကောင်ပုလဲနက်ကို ကြာကူလီနေဦးမှာပဲ

အိမ်သာရောက်လာတယ် ဒေါသက မပြေသေးဘူး ပုလဲနက် အခန်းထဲမှာ
အိပ်ပျော်နေတာနဲ့ ရေခဲမုန့်ကို နှိုးမကျွေးတော့ဘဲ ရေခဲသေတ္တာထဲပဲထည့်ထားလိုက်တယ်

မနက်မှပဲ စားပါစေတော့

.........

📲📲📲📲📲

မနက်စောစောစီးစီး နှင်းဆီက ဖုန်းလာနေတာပဲ အရေးကြီးကိစ္စထင်တယ်

"ဟယ်လို နှင်း"

"မောင် မောင့်အိမ်အသစ်လိပ်စာလေးmessage ပို့ပေးပါ အရေးကြီးလို့"

"ဟယ်လို နှင်းဟယ်လို ဟယ်လို"

ပြောချင်ရာပြောပြီး ဖုန်းချသွားတာကြောင့် ခန်ထယ်ဝါ ပြန်လဲမဆက်ချင်တာနဲ့ အိမ်လိပ်စာပို့ပေးလိုက်တယ်
......

နာရီဝက်လောက်နေတော့ ဘဲလ်တီးသံကြားတာနဲ့ အပြင်ထွက်လာတော့

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now