Uni
နက်ကိုကို့အတွက်ဆန်ပြုတ်ကြိုဖို့လုပ်နေတုန်း မီးဖိုချောင်ထဲကြီးမြဝင်လာတယ်
"ဟယ်သမီးနက် သမီးဖေဖေကဆန်ပြုတ်စားစရာမလိုပါဘူးကွဲ့ မကြိုနေနဲ့တော့ ထမင်းပဲစားမယ်တဲ့"
"မဟုတ်ဘူးလေ ကိုကို့အတွက် ကိုကိုနေမကောင်းဘူးလေ"
"ဟင် သားခန့်ကနေကောင်းပါတယ်သမီးရဲ့"
"ကြီးမြကလည်း ကိုကိုအခုတောင် အဖျားတွေတက်ပြီးကရောင်ကတမ်းတွေပြောနေပါတယ်ဆို ဆရာဝန်ခေါ်ပေးမယ်ဆိုတာလည်းမခေါ်နဲ့တဲ့ ဟင့် နက်တော့စိတ်ညစ်ပါတယ် အင့်"
ပြောရင်းရှိုက်သံလေးတွေပါထွက်လာတဲ့ နက်လေးကြောင့်ကြီးမြပါနဲနဲယုံချင်သွားတယ် ဒါပေမယ့် နေလယ်ကအထိအကောင်းကြီးကနေပြီး ဘာ်လိုဖြစ်သွားတာလဲ
"အေးပါနက်ရယ် ကြီးမြသွားကြည့်လိုက်ဦးမယ်နော် သမီးအခန်းထဲမှာမလား"
နက်ေခါင်းငြိမ့်ပြလိုက်တယ်
......
"ကိုခန့်ထယ်ဝါ
ဒါကဘယ်လိုဖြစ်တာတုန်းရှင့် ကျွန်မမှာတော့ ရှင်နေမကောင်းဘူးဆိုလို အပေါ်ထပ်က်ုဒူးနာကြီးနဲ့ပြေးတက်လိုက်ရတာ "ပြောလည်းပြောချင်စရာလေ ခန်ထယ်ဝါနေနေတဲ့ပုံလဲ တစ်ချက်လောက်ရှုစားလိုက်ကြဦး
လူတစ်ကိုယ်လုံးက ကုတင်ပေါ်မှာ ခေါင်းတစ်လုံးနဲ့ လက်နှစ်ချောင်းက ကုတင်ပေါ်ကကျလို့
အောက်မှာရှိနေတဲ့ ဖုန်းကို လက်နဲ့လှမ်းနှိပ်နေတာ နေမကောင်းနေတဲ့
လူမမာက ကုတင်ပေါ်ဝမ်းလျားကြီးမှောက်ပြီး ခေါင်းအောက်ချဖုန်းနှိပ်နေစရာလား
"အော်ကြီးမြ ပြန်ရောက်ပြီလား ဖေဖေရော အဆင်ပြေလား ကျွန်တော်ကဒီထပ်တောင်နောက်ကျမယ်ထင်နေတာ"
ပြောသာနေတာနော် ဖုန်းအကြည့်မပျ
က်ဘူး"မသက်သာသေးဘူးဆို ဒါကဘယ်လိုတွေတောင်ဖြစ်နေတာလဲ နက်ကဆန်ပြုတ်တွေတောင်ပြုတ်နေပြီ"
YOU ARE READING
တစ်ချက်လေး စောင်းငဲ့ကြည့်ဦး
Randomမင်းက ငါ့အချစ်တွေနဲ့ မထိုက်တန်တဲ့မိန်းမပဲ ငါမင်းကို မင်းသေသွားရင်တောင် ပြန်ချသ်မှာမဟုတ်ဘူး ခန့်ထယ်ဝါ ကိုခန့်ဘယ်လောက်မုန်းမုန်း နက်နားကမထွက်သွားပါနဲ့နော် နက်က ကိုခန့်မရှိရင် သေမှာ ပုလဲနက်