Uni
နက်ရေချိုးပြီးတဲ့ထိ ကိုကိုတို့ စကားပြောလို့မပြီးကြသေးဘူး
နက်လည်း ကိုကိုတို့ကို မနှောက်ယှက်ချင်တာနဲ့ မီးဖိုချောင်ထဲဝင်ပြီး ထမင်းဟင်းတွေပြင်ထားလိုက်တယ်
အမှန်က နက်ဗိုက်ဆာနေပြလေ
မနက်တည်းက ကိုကိုနဲ့ အပြင်သွားထားတာ
ဘာမှလည်းမစားရသေးဘူး
ခုနေ့လည်တောင်ရောက်နေပြီဆိုတော့
ဗိုက်က ဆန္ဒပြနေပြီဒါ့ထက် ကြီးမြချက်ထားတဲ့ ဟင်းတွေက နက်အကြိုက်တွေကြီးပဲဆိုတော့ ဗိုက်က ဘယ်လိုမှမနေနိုင်တော့ ကိုကိုတို့ကလည်း စကားပြောနေတာကြာလိုက်တာ နက်စားထားနှင့်ရင်ကောင်းမလား
မဖြစ်ပါဘူးလေ ကိုကိုသိရင် နက်ကိုမကြည်ရတဲ့ကြားထဲ
ဧည့်ခန်းထဲဝင်လာပြီး
"ဖေဖေနေ့လည်စာစားလို့ရပြီနော် ကြီးမြရောကိုခန့်ရောစားတော့မလား""ဖေဖေနဲ့ မင်းကြီးမြနဲ့က ခုဏကလေးတင်စားပြီးပြီ နက်ရဲ့ "
"ကိုကိုလည်း မနက်က ရွှေတောင်ခေါက်ဆွဲစားထားလို့ မဆာသေးဘူး နက်ဆာရင် စားနှင့်လေ"
နက်ခေါင်းလေးငြိမ့်ပြီး ထမင်းစားခန်းထဲဝင်သွားတော့မှ
ခန့်ထယ်ဝါ နက်ကိုကြည့်ပြီး
မျက်ရည်တွေကျနေမိတယ်"ကျွန်တော်သူ့ကို ဘယ်လိုပြန်လုပ်ပေးရမှန်းတောင်မသိတော့ပါဘူး ကြီးမြရာ"
ခန့်ထယ်ဝါ နက်ထမင်းစားနေတာကို အပြင်ကနေ သွားချောင်းကြည့်မိတယ်
ကလေးဒီလောက်အားရပါးရစားနေတာ သူတစ်ခါမှ မမြင်ဖူးဘူး
ဗိုက်အတော်ဆာနေပုံရတယ်
"သားကြီး ဘာရပ်ကြည့်နေတာလဲကွယ့်"
"အော်ကြီးမြ ကျွန်တော်လေ သူထမင်းစားနေတာကြည့်နေတာ ကျွန်တော်ဝင်သွားရင် သူအစားပျက်သွားမှာစိုးလို့ပါ sob"
"မငိုပါနဲ့ သားရယ် ကြီးမြတို့ သူ့ကို တဖြေးဖြေးချင်း ကုသကြတာပေါ့နော်"
YOU ARE READING
တစ်ချက်လေး စောင်းငဲ့ကြည့်ဦး
Randomမင်းက ငါ့အချစ်တွေနဲ့ မထိုက်တန်တဲ့မိန်းမပဲ ငါမင်းကို မင်းသေသွားရင်တောင် ပြန်ချသ်မှာမဟုတ်ဘူး ခန့်ထယ်ဝါ ကိုခန့်ဘယ်လောက်မုန်းမုန်း နက်နားကမထွက်သွားပါနဲ့နော် နက်က ကိုခန့်မရှိရင် သေမှာ ပုလဲနက်