Part14(uni+zawgyi)

2.7K 119 32
                                    

Uni
"မင်းမိုက်ရိုင်းလှချည်လားကွဟေ "

"ခွပ်"

ဦးဂုဏ် တစ်ခါမှ လက်နဲ့တောင်မရွယ်ဘူးခဲ့တဲ့ သားရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တယ်

ခန့်ထယ်ဝါ ဖေဖေထိုးလိုက်လို့ နာရကောင်းမှန်းတောင်မသိ

"နက် နက်ကို သားဘာမှမလုပ်ဘူး သူ့ဟာသူ လဲကျသွားတာ သားက သူ့ကို ထမင်းမစားရသေးလို့ စားလိုင်လိုက်တာပဲရှိတာ"

"ဘာကွ မင်း မင်း"

ဦးဂုဏ်ထပ်ထိုးဖို့လုပ်တော့

"တော်ကြပါတော့ ကလေးက ဘာဖြစ်မှန်းမသိဘဲနဲ့ မောင်လေးရယ် သားကြီးက နက်အကြောင်းမှမသိတာ သူ့အမှားကြီးပဲ မှ မဟုတ်တာပဲကွယ် "

"သူ့အမှားပေါ့ သူ့ကြောင့်
သမီးလေးခင်ဗျာ "

"တော်ပါတော့ကွယ် ကလေးကို အခန်းတည်းပို့ရအောင်နော် "

..........
ခန့်ဘာမှနားမလည်တော့ဘူး ခန့်အပေါ်ဘာတွေဖုံးကွယ်ထားကြတာလဲ

ဖေဖေရော ကြီးမြရော ဘာတွေဖြစ်နေတာလဲ ပုလဲနက်ကရော ဘာလို့လဲသွားတာလဲ
ခန့်ထယ်ဝါ ပုလဲနက် အခန်းရဲ့ အပြင်မှာ တသ်ယောက်တည်း အဖြေမရှိတဲ့မေးခွန်းတွေနဲ့ အလုပ်တွေ ရှုပ်နေတယ်

📲📲📲📲📲📲

"ဟယ်လို နှင်း ဒီအချိန်ကြီး ကိစ္စရှိလို့လား"

ခန့်စိတ်ရှုပ်နေတယ့်အချိန် နှင်းဖြူစင်ဆီက ဖုန်းကို မကိုင်ချင်တာမှန်ပေမယ့်
ဘာများအရေးကြီးတာရှိမလဲဆိုပြီးကိုင်လိုက်မိတယ်

"မောင် နှင်းတို့ကိုကယ်ပါဦး နှင်းတို့ကို အကျွေးရှင်တွေက အိမ်ပေါ်က ညတွင်းချင်းနှင်ချနေလို့

"ဟင် ဟုတ်လား ဒါဆို ဘယ်လိုလုပ်မလဲ"

"မောင်နှင်းကို ပိုက်ဆံသိန်းတစ်ထောင်လောက် လာပေးလို့ရမလား

"ရပါတယ် မောင်အခုပဲလာခဲ့မယ်"

"ကျေးဇူးပါ ပဲမောင်ရယ် နှင်းမောင့်ကို ပြန်စပ်ပါ့မယ်နော်"

"နှင်းရယ် အဲ့ အကြောင်းတွေပြောမနေပါနဲ့တော့ မောင်ခုချက်ချင်းထွက်လာပြီနော်"
ခန့်ထယ်ဝါ ခုဏတည်းက အမူးပြေချင်နေတာ ခုချိန်တော့ ကားမောင်းပြီးသွားရတော့မှာပဲ

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now