Uni
အိမ်ပြန်ရောက်တော့ နက်ကို ကြီးမြကတွဲခေါ်ဖို့လုပ်တာကို"ကြီးမြ သူ့ကိုတွဲစရာမလိုဘူး သူတောင် ဘာမှမဖြစ်လို့ အသဲအသန် အိမ်ပြန်လာတဲ့ဟာ သွားဝင် နင့်လူ အိမ်ထဲမှာရှိနေဦးမှာပဲ သွားမြန်မြန်"
ခန့်ပြောလိုက်တဲ့ စကားကို မသိချင်ယောင်ဆောင်ပြီး ကွဲသွားတဲ့နှဖူးလေးကိုကိုင်ကာ ဖြေးဖြေးလေးလျှောက်ဝင်လာခဲ့တယ်
"နက် ပြန်လာပြီလား ခုဏက ဘာဖြစ်တာလဲ ကိုစိတ်ပူလိုက်ရတာ"သတ္တိကသာ စကားတွေပြောနေတာ နက်ကဘာမှလဲပြန်မပြော သူ့ကိုပြောနေတာမဟုတ်သလိုပဲ ကြီးမြက နက်ဘေးလေးမှာ နက်ကို ထိမ်းပြီးကိုင်ထားတယ်
"သားသတ္တိ ကြီးမြ နက်ဒဏ်ရာကိုဆေးထည့်ပေးဖို့ ဆေးသေတ္တာသွားယူလိုက်ဦးမယ် သားသူ့ကိုခဏကြည့်ထားပေးနော်"
ကြီးမြထွက်သွားတော့ နက်ကိုသတ္တိနဲ့ နှစ်ယောက်တည်းမနေချင်တာရော သူ့မျက်နှာကိုမကြည့်ချင်တာရောကြောင့် အခန်းထဲသွားဖို့ လှည့်အထွက်
"နက် ဒဏ်ရာက ဘယ်လိုဖြစ်လို့ရလာတာလဲ
...
ခန့်ကား သိမ်းပြီးအိမ်ထဲဝင်လာတော့ သတ္တိက နက်နှဖူးကိုနမ်းနေတာတွေ့သွားတယ်"ခု ဘာလုပ်နေကြတာလဲ ပုလဲနက် လာခဲ့စမ်း ဒီကို "
တကယ့်ဆိုးလှတဲ့ကံက နက်နှဖူးကို ကိုသတ္တိငုံ့ကြည့်လိုက်တဲ့ အချိန် ကိုကိုဝင်လာတာနဲ့ တိုးတော့တာပဲ
"မင်းပြန်တော့ သတ္တိ နောက်တစ်ခေါက် ငါ့ရှေ့မှာ ဒီလို အပြုအမူမျိုးလုံးဝမလုပ်မိစေနဲ့ ဖေဖေအိမ်မှာ မရှိရင် သု့ရဲ့အုပ်ထိမ်းသူက ငါပဲ "
"မဟုတ်ဘူးကိုကို နက်~"
"မင်းဘာမှဝင်မပြောနဲ့ ငါမင်းကိုဘာမှပြောခွင့်မပေးထားဘူးနော်"
"ကိုခန့်ကလည်း ပုလဲကို အဲ့လိုမပြောပါနဲ့ ခုကိစ္စက ပုလဲနဲ့မဆိုင်ပါဘူး ကိုယ်ခန့်မကြိုက်ရင် နောက်တခါ ကျွန်တော်စင်ချဉ်ပါ့မယ်"
သတ္တိက နက်ဘက်လှည့်ပြီး မဲ့ပြုံးလေးပြုံးကာ လက်ပြပြီး ပြန်သွားတယ်
'မင်းမှတ်ထား မင်းငါ့လက်က ပြေးလို့မလွတ်တော့ဘူး မင်းကိုငါဘယ်နည်းနဲ့မဆိုရအောင်ယူမယ်'
YOU ARE READING
တစ်ချက်လေး စောင်းငဲ့ကြည့်ဦး
Randomမင်းက ငါ့အချစ်တွေနဲ့ မထိုက်တန်တဲ့မိန်းမပဲ ငါမင်းကို မင်းသေသွားရင်တောင် ပြန်ချသ်မှာမဟုတ်ဘူး ခန့်ထယ်ဝါ ကိုခန့်ဘယ်လောက်မုန်းမုန်း နက်နားကမထွက်သွားပါနဲ့နော် နက်က ကိုခန့်မရှိရင် သေမှာ ပုလဲနက်