~_Part-4_~💌💌

4.6K 336 10
                                    

"ကလေး"

Shinn Thu Youngဆိုတဲ့နာမည်လေးနဲ့ရှင်းရဲ့အကောင့်လေးကိုမြင်ပြီး ယွန်းမြတ်ရဲ့ရင်ခုန်သံတို့ စည်းချက်မညီချင်တော့...

Profileလေးမှာတော့ Hoddieအဝါခေါင်းစွတ်လေးနဲ့Styleဘောင်းဘီအဝါလေးနဲ့ Sneakerအဖြူလေးစီးပြီး ဆံပင်လေးကိုမြင့်မြင့်စီးထားကာ ကလစ်‌ဆိုင်ကယ်လေးအားမှီထားတဲ့ရှင်းသုရောင်ဟာ အသားဖြူဖြူလေးနဲ့ ချစ်စရာကောင်းနေလေသည်

ယွန်းလည်းအကောင့်ထဲအကုန်လိုက်ကြည့်ကာ ပုံလေးတွေခိုးsaveနေပြီးမှ Message Acceptလိုက်ပြီး ပြန်Hiထားလိုက်၏

'ကလေးရယ် မကိုရှာပြီးတောင်လာအပ်ထားပါလား ရှာပြီးအပ်တာလား တွေ့လို့အပ်တာလား မကိုမှတ်မိလို့အပ်တာလား'ဆိုတဲ့ 'လား'မေးခွန်းများနှင့်အတွေးပေါင်းသောင်း‌‌ေခြာက်ထောင်သာဝင်နေလေသည်

&&&&&&&&&&&&&&&&&&&&&&&&

At Yangon 7:30AM

‌မျက်နှာပေါ်သို့ကျရောက်လာသော အလင်းရောင်ကြောင့် ရှင်းသုရောင်တစ်ယောက် ဟိုလှိမ့်ဒီလှိမ့်ဖြင့် လူးလဲကာထလာခဲ့သည်

ကျောင်းတက်ရမည်မို့တခါတည်းရေချိုးကာ အဝတ်လဲပြီးအောက်ဆင်းလာသည်

အောက်ထမင်းစားခန်းတွင် မေမေကဟင်းချက်နေသည်နှင့်........

"မေရီးရေဘာတွေချက်နေတာလဲ"

"ချက်ပြီးသွားပြီသမီးရဲ့ စားဖို့ထည့်နေတာ"

"သမီးဘာကူရဦးမလဲ"

"ဘာမှမကူပဲ ငြိမ်ငြိမ်လေးသာသွားထိုင်နေ
ကျောင်းသွားရမှာကို ဆီနံ့တွေစွဲကုန်ဦးမယ်"

"ဟုတ်မေရီး"

ရှင်းသုရောင်လည်းမနက်စာစားကာ သူ့အမေကိုနှုတ်ဆက်ပြီး ‌နှင်းလဲ့အိမ်သို့ထွက်လာခဲ့လေသည်

"နှင်းလဲ့ရေ"

"လာပြီ မိရှင်းရေအော်မနေနဲ့"

ရှင်းလည်းတံခါးလာဖွင့်ပေးသည်မို့ ဆိုင်ကယ်လေးတွန်းကာ ဝင်လာခဲ့လေသည်

"ဟဲ့ နင်ကျောင်းကိုကားနဲ့သွားမှာလား"

"ဆိုင်ကယ်နဲ့ပဲသွားတော့မယ် ရှုပ်တယ်Parkingထိုးရတာ"

Lovely Ma Ma ⚡💛⚡Where stories live. Discover now