Part-23

3.1K 184 8
                                    

သဇင်ရဲ့စံအိမ်မှာတညတာပျော်ရွှင်မှုများနှင့်ဆူညံခဲ့ရသောညီးသံများမှာပျံ့လွှင့်ပြီးကာမနက်ခင်းနေအလင်းပေါက်ချိန်ရောက်ချေပြီ

"ဟင်း.....မ~~မ~~ဟင်းး...."

"အမ်....က....ကလေးဘာဖြစ်တာလဲ"

"မ~~.."

"မ ရှိတယ်လေကလေးရဲ့ ဘာဖြစ်တာလဲလို့ ကိုယ်တွေလဲပူနေတယ် ဘာလို့အောက်ဆင်းအိပ်တာလဲ"

"မ~~က.....ကလေးတောင်းပန်ပါတယ်နော်"

"ဟင်....က....ကလေး ဘာတွေပြောနေတာလဲ"

"မနဲ့...နှစ်ယောက်ထဲအကြာ....အကြာကြီးနေချင်ပေမဲ့.....က...ကလေးသွားရတော့မယ်"

"ကလေး ဘာတွေပြောနေတာလဲကလေးရယ် သတိထားနော် ခဏ မ ရေနွေးနဲ့သဘတ်သံားယူဦးမယ်"

"မ~~~"

"ခဏလေးပါဆိုကလေးရယ်~~"

ဘယ်လောက်ပြောပြောခေါင်းရမ်းပြနေသောကလေးကြောင့်ဘာဖြစ်မှန်းမသိလို့စိတ်ပူတာတမျိုးနဲ့ငိုချင်နေပြီဖြစ်သည်

"မ~~ချစ်...ချစ်တယ်"

ပြောပြီးမှိတ်ကျသွားပါသောယွန်းအမြတ်နိုးရဆုံးမျက်ဝန်းလေးများ

"ကလေး! ကလေး! ကလေး....! ကလေး!"

ယွန်းအိပ်နေရာမှလန့်နိုးလာခဲ့သည်

"ကလေး! ကလေးရော Baby!"

"မ! ဘာဖြစ်...အင့်"

စကားတောင်ဆုံးအောင်မပြောရပဲကုတင်ပေါ်ကထပြေးလာကာဖက်သော မ

"မ...မ.ဘာဖြစ်တာလဲလို့"

"အဟင့်....ဟင့်....အီးဟီး....မကောင်းတဲ့ကလေး....အဟင့်....စိတ်ပူသွားတာပဲ....ဘာလို့ဘေးနားမှာပဲမနေတာလဲလို့...ဟင့်"

"မ....မငိုရပူးလေကွာနော်....ကလေးကဘယ်သွားမှာမို့လဲ....မ..အနားနားပဲနေချင်တဲ့သူပါ..."

"မဟုတ်ပူး.....အိမ်မက်ထဲမှာ ကလေးက မ ကိုထားသွားတာ"

"ကလေးက ဘာလို့ထားခဲ့ရမှာလဲ"

"အဟင့်.....ကလေးက...အဟင့်....အိမ်မက်ထဲမှာ ကိုယ်တွေအများကြီးပူပြီး....ဟင့်....မ ကို ထား....ထားသွားတာ"

"အွန်း...အွန်း...ပြီးမှဆက်ပြောနော် ခဏ ထိုင်ဦး"

"ထိုင်ပူး....အဟင့်....ကလေးနားပဲနေမှာ....မဟုတ်ရင်ကလေးက....ထားသွားမှာ"

Lovely Ma Ma ⚡💛⚡On viuen les histories. Descobreix ara