Hein Nanda & Kaung Lin Thet❤

933 32 0
                                    

" ကောင်းလေး"

"ဟာဗျာ ဒီလူကြီးကတော့ အသံလေးပေးပါဗျ"

"မင်းကိုငါအသံပေးတယ်လေ ကောင်းလေးလို့ ခေါ်လိုက်တာပဲကို"

"ခင်ဗျား ဘာလို့ခဏခဏလာနေတာလဲ"

"ယွန်းကဒီမှာနေတယ်လေ ကိုယ်ကလည်းလိုက်တယ်လေ ဘာဖြစ်လဲ"

"ခဗျားကြီး ဘာသာဒီအိမ်လာတာဘာမှမဖြစ်ပူး ကျွန်တော် ဂိမ်းဆော့နေရင် မလာနဲ့ဗျာ"

"ဘာလို့လဲ"

"ခဗျားက မေးခွန်းများလိုက်တာ ဘာလို့အတင်းလိုက်ကပ်လဲ စကားလည်းအရမ်းပေါတာပဲ"

"ကောင်းလေး တစ်ယောက်တည်းကိုပဲ ကိုယ်ပြုံးပြတယ် စကားပြောတယ်ဆိုတာ ကောင်းသိရဲ့သားနဲ့..."

ဒါတော့ဟုတ်သည်။ မမလေးနဲ့မယွန်း လက်ထပ်ပြီးတည်းက အိမ်တစ်ခုခွဲနေကြရင်း ဆရာက ကိုရှိန်လေးနဲ့ပါသွားတော့ မမလေးရဲ့ Bdgဟာ ကောင်းလင်းသက်ဖြစ်လာသည်။

မမလေးနဲ့ မယွန်းကပ်နေကြရင် အလုပ်မရှိရင် ကျောက်ရုပ်လိုလူကြီးက ကောင်းအနားလာကပ်သည်။

ကျောက်ရုပ်လိုလူကြီးက အပြင်မှာဆို အေးပြီတည်တာမှ ရေခဲတုံးနဲ့ကျောက်တုံးပေါင်းထားသလိုပင်။

ကောင်းနဲ့ဆို ပြောင်စပ်စပ် ဂိမ်းဆော့နေရင် စကားတွေများကြီးလာပြောသည်။ သူပြောတာတခါတလေပဲ နားလည်သည်။ဂိမ်းပဲဆော့နေတာပင်။

"ဒါပေမဲ့ ခဗျား ကိုယ့်မူရင်းတိုင်းမနေပဲ ကျွန်တော့်နားကျမှ စပ်စလူးနတ်ပူးသလိုဖြစ်နေရတာ?"

"အပြင်မှာကလူတွေအများကြီး ဒီမှာကမင်းနဲ့ကိုယ်ပဲရှိတယ် ကိုယ့်ကိုအဖက်လုပ်တာမင်းပဲရှိတယ် တခါတလေမင်းပါ ပစ်ထားရင် ကိုယ့်မှာနေစရာတောင်မရှိပူး"

ဪ........မျက်နှာငယ်လေးနဲ့ပြောတဲ့ ကိုနန္ဒကိုကြည့်ရင်း ကောင်းမှာ ရယ်ရမလို နှစ်သိမ့်ရမလို

"ခဗျားတခါတ‌ေလ‌ေလး အရင်မူရင်းလို တည်တည်ငြိမ်ငြိမ်နေစမ်းပါလား ကျွန်တော် ဂိမ်းဆော့ရတာ အာရုံနောက်တယ်ရယ်ဗျ"

"အေးပါကွာ မင်းကလည်း အဲ့ဂိမ်းပဲဆော့နေ ဒီချိန် မမလေးတို့ကို တစ်ယောက်ယောက် တစ်ခုခုလုပ်သွားရင် မင်းတော့ အသက်မှီမယ်မထင်ပူး"

Lovely Ma Ma ⚡💛⚡Where stories live. Discover now