Part-24

2.7K 185 2
                                    

"မ...ထိုင်နေလို့"

"ထိုင်ချင်ပူး....ကလေးနားပဲနေမှာ"

"မ...လက်တဖက်ထဲနဲ့ဘယ်လိုဆက်ချက်ရမှာလဲ"

"မသိပူး....ကြိုက်သလိုချက်...ထိုင်ပူးလို့ဆို...အ့!"

"မ! မ ဘာဖြစ်သွားလဲ"

"အဟင့်....ပူတယ်"

"အာ့ကြောင့်ပြောတာ ငြိမ်ငြိမ်ထိုင်နေပါဆို ပြောတော့နားမထောင်ပူး ခုဖြစ်ပြီမလား"

"ကလေးက မ ကိုအော်နေတာလား"

"ကျစ် မ လက်လေးမပြောလေနဲ့ ဆံချည်မျှင်လေးတစ်မျှင်တောင် အထိခိုက်မခံချင်လို့ မ ကိုပြောနေတာ အော်တယ်ဖြစ်ရောလား"

"ဆံချည်မျှင်တစ်မျှင်ထိခိုက်ရင် ဘာလုပ်မှာလဲ"

"အဲ့ထိတဲ့လူ သွားသတ်မယ်"

"အာ့ဆို ‌မ ရဲ့ခေါင်းဘီးကိုသွားသတ်လိုက်"

"ဟမ်"

"ဟုတ်တယ်လေ အခုနတုန်းက ခေါင်းဖြီးတာ အက်ခေါင်းဘီးကြောင့် ဆံမျှင်နှစ်ခုတောင်ပါသွားတယ် သိလား"

မ ပြောစကားကြောင့်ရှင်းမှာရီရခက်ငိုရခက်
အခုတလော ကတ်ကတ်လန်နေတာ
သွန်းအိမ်ကပြန်လာကတည်းက ကျောင်းသွားတာကလွဲလို့ ကျန်တဲ့ချိန်လိုက်ကပ်နေတာ

Companyလည်းက‌အစောကြီးပြန်ပြန်လာတာ
အခုလည်း ပုဇွန်စားချင်တယ်ဆိုလို့ ကြော်ပေးနေတာကို လက်ကဆွဲထားသေးတယ်
ခုဆီပေါက်ပြီးလက်လေးမှန်သွားတာ

"ဟုတ်လား....အက်ခေါင်းဖြီးကိုပြာလုပ်လိုက်မယ်လေ"

"ကောင်းတယ်....ကလေးအတော်ဆုံး"

ရှင်းလည်းဆေးလိမ်းပေးပြီး ခေါင်းတခါခါနဲ့သာ ထလိုက်ပြီးဆက်ကြော်နေလိုက်တယ်...

"ရပြီ....မ"

'အမ်...ဘယ်ရောက်သွားပြန်တာတုန်း'

ရှင်းလည်းပုဇွန်ကြော်ပြီးလှည့်တော့ မ ကမရှိ
ရှင်းလည်းခြံထဲဆင်းရှာတော့ ဒန်းလေးပေါ်မှာ

"မ.....စားလို့ရပြီလေ...လာ"

"အမ်....ကလေး.....ရပြီလားသွားစားမယ်လေ"

"အော် အွန်း"

ရှင်းလည်း မနောက်လိုက်သွားလိုက်သည်

Lovely Ma Ma ⚡💛⚡जहाँ कहानियाँ रहती हैं। अभी खोजें