~~_Part-20_~~🔫🔫

2.8K 150 2
                                    

Lovely Ma Ma

"မှုးသီဟ ​ေဟ့ကောင် မင်းချစ်သူနုနုထွတ်ထွတ်လေးက ချစ်စရာလေးကွာ ငါ့ပေးလိုက်ပါလား"

မှုးသီဟမျက်ဝန်းများနှင့်ရင်ဘတ်ထဲတွင်ဒေါသမီးလျှံတို့တောက်လောက်နေသော်လည်း ဒေါသဖြင့်သာအသိစိတ်မရှိဝင်ရုံးခဲ့သော် ချစ်ရသူအသက်ပါသွားလေလိမ့်မည်

"အဟက်...အာကာ...အာကာ..ဟားးးးးးး...ရှိန်လေးကငါ့ချစ်သူပါလို့ မင့်ဘိုးအေကပြောတာလား"

မှုးသီဟစကားကြောင့် ဟိန်းလင်းရှိန်အသံတိတ်ရီမိပါသည်

ရှင်း's Mind-'ခွေးသတောင်းစားက သေမှာကိုရီနေသေးတယ်'

သူတို့စကားစစ်ထိုးနေချိန်အတွင်းမှာပဲအာကာ၏ဘက်မှလူတို့မှာ အာကာနှင့်သူ့ကိုယ်ရံတော်တစ်ယောက်သာကျန်ခဲ့ပြီ

"မှုးသီဟ မင်းအတွက်မဟုတ်ပူးဆိုတော့လည်း အသုံးမလိုတော့တဲ့ ဒီအကောင်လေးကိုသာသတ်လိုက်ရင်...."

ရွှက်!

ဓားမြှောင်တစ်ချောင်းကရဲမင်းအာကာ၏ကျန်နေသောလက်တစ်ဖက်အားဒိုးချင်းထပ်ပေါက်လေတော့ အာကာ့မှာလက်နှစ်ဖက်လုံးလှုပ်မရပေ

"Oops!Sorry ငါကခုမှလက်တစ်ဖက်ထိတယ်ထင်လို့....ဟား....ဟားးးးး"

အသံလာရာကြည့်တော့ နှစ်ယောက်မရှိပါသော ယွန်းမြတ်ဖူးရယ်ပါ

ယွန်း! မ! မမယွန်း!

တစ်ယောက်ဆီအမျိုးမျိုးခေါ်သံကြောင့်အာကာမော့ကြည့်တော့ အမတော်ကလူသတ်မဲ့ရုပ်ကြီးနဲ့မို့ ယွန်းဒေါသကိုသိတဲ့အာကာ့မှာ တံတွေးသာမျိုချနေရသည်

ဘယ်သူ့မှမကြောက်တဲ့အာကာက ယွန်းကိုတော့ကြောက်သည် ချစ်ရသူကသတ်မယ်ဆိုတော့ ကြောက်သည် မြတ်နိုးရသူကသေမင်းလက်ထဲထည့်မည်မို့ကြောက်သည် ပြီးတော့ သေရမှာကိုကြောက်တာလားဆိုတော့မဟုတ်ပါ သေရမှာတောင် သူ့ဆီကအမုန်းတွေသယ်ရမှာကိုကြောက်တာပါ

"ယွန်း......"

"မခေါ်နဲ့! တောက်! အလကားကောင် နင့်ကိုငါလမ်းမှန်ပို့ထားတာကိုနင်ကပြန်ခုန်ဆင်းလာတယ်ပေါ့ဟုလားအာကာ နင်လိုလူသတ်သမားကိုပေါင်းပေးတဲ့ငါ့ကို ဒီလိုမျိုးနဲ့ကျေးဇူးဆပ်လိုက်တာပေါ့ နင်အပြစ်နဲ့နင်ပဲ"

Lovely Ma Ma ⚡💛⚡Where stories live. Discover now