Hein Lin Shein & Hmue Thiha❤

980 54 0
                                    

"ကိုကို....."

"ရှိန်....နေပူနေတာကိုကွာ.....ဘာလို့လိုက်လာတာလဲ...."

"ပါပါးကအကို့ကိုအလုပ်တွေခိုင်းနေပြန်ပြီလား...."

"မဟုတ်တာရှိန်လေးကလည်း....‌ဦးက‌ကျန်းမာရေးမကောင်းပူးလေ...ရှိန်လေးကလည်းစီးပွားရေးစိတ်မဝင်စားမှတော့....ကိုယ်မလုပ်လို့တီလေးလုပ်ရမှာလား..."

"ဒါမယ့်....ကိုကိုနဲ့သဘောတူထားတာပဲရှိသေးတာကို....ဒီလိုကြီးခိုင်းနေတာ....ကျွန်တော်ကအားနာတယ်ဗျ...."

ရှိန်လေးတကယ်အားနာပါသည်။ ပါပါးကအိမ်ကနေပဲစီမံနိုင်တော့ companyကိုတိုက်ရိုက်မအုပ်ချုပ်နိုင်။ ရှိန်လေးကလည်းစီးပွားရေးကျောင်းတက်ပေမဲ့ စိတ်မဝင်စားတော့ ကိုကိုကလုပ်ပေးသည်။

ရှိန်လေးကတော့ coffeeဆိုင်လေးတစ်ဆိုင်ဖွင့်ကာ အေးဆေးနေသည်။

"အားနာစရာမလိုပါပူးရှိန်လေးရယ်....ကိုယ်တို့ကသူစိမ်းတွေမှမဟုတ်တာ....."

"ကိုကိုအဲ့လိုတွေတော်တော်ပြောသိလား....ပါပါးလက်ကထွက်မရဖြစ်မယ်...."

"ကဲ....ရှိန်လေး....ကိုကိုနောက်ခါခိုင်းတိုင်းမလုပ်တော့ပူးဗျာ....ကျေနပ်ပြီလား....ကိုပင်ပန်းနေတယ်အခု.."

"ဟင်.....ကိုကိုအရမ်းပင်ပန်းလားဟင်….."

"အင်း....ပင်ပန်းနေတယ်...အားဆေးလေးတိုက်ချင်ပူးလားဗျ...ဟင်!"

မှုးသီဟပေါင်ပေါ်ထိုင်နေတဲ့ရှိန်လေးကိုဖက်ကာ....မေးလိုက်သည်။

"ဟွန့်....အသားယူချင်နေတာများ...."

"ရှိန်လေးကလည်းကွာ......"

"အင်း....ပေးမယ်....ခစ်ခစ်....ကိုကိုကချစ်စရာကြီး...."

"ကို့အသည်းလေးကမှချစ်စရာလေးပါဗျာ...."

"အွန်း~~~မွ...."

မှုးသီဟပါးနှစ်ဖက်ကိုညှစ်ကာနှုတ်ခမ်းဖျားကိုဖိနမ်းလာတဲ့ ရှိန်လေး.....

"ချစ်လိုက်တာကွာ....ကိုကို့အားဆေးလေး...."

"ကိုကို့ကို ရှင်းကမဆူပူးလား သူ့ဆီကအလုပ်ထွက်လို့"

"မမလေးကတော့ဘာမှမပြောပါပူး အကိုပျော်ရင်ပြီးတာပါပဲတဲ့ ဦးကတော့ သားတစ်ယောက်လျော့သွားသလိုပဲ ပြန်လာချင်လည်းရတယ်တဲ့ ကိုကတော့ပြန်မသွားတော့ပါပူး ရှိန်လေးနဲ့ပဲ အတူတူနေတော့မှာ "

Lovely Ma Ma ⚡💛⚡Where stories live. Discover now